မြောက်ကိုရီးယားစစ်တပ်အကြီးအကဲ ကွပ်မျက်စီရင်ခံရ

မြောက်ကိုရီးယားစစ်တပ်အကြီးအကဲ ကွပ်မျက်စီရင်ခံရ

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၀ ။           ။ မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ စစ်တပ်အကြီးအကဲ ရီယွန်ဂျီကို ကွပ်မျက်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ်သတင်းဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်လွှင်ံထားသည်။ ယင်းသတင်းသာ အတည်ဖြစ်ပါက နောက်ဆုံး ကွပ်မျက်သုတ်သင်မှုသတင်းလည်းဖြစ်ပြီး လူငယ်ခေါင်းဆောင်အောက် စိတ်ပျက်ဖွယ် သုတ်သင်ရှင်းလင်းရေး လုပ်ရပ်လည်းဖြစ်လာမည်ဖြစ်သည်။

အထီးကျန် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က တာဝေးပစ်ဒုံးပျံ လွှတ်တင်ပြီးနောက် အဖက်ဖက်မှ ဖိအားများနှင့် ရင်ဆိုင်နေစဉ် ယင်းသတင်းက ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ရီယွန်ဂျီ ကွပ်မျက်ခံရမှုသတင်းအား မြောက်ကိုရိးယားနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်ကလည်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အန္တရာယ်အထိအခိုက်မခံသည့် အကြောင်းအရာဖြစ်သောကြောင့် ယင်းသတင်းရင်းမြစ်က အမည်မှန်ထုတ်ဖော်ပြောရန် ငြင်းဆန်သည်။

ရီသည် ကိုရီးယားပြည်သူ့တပ်မတော် KPA ၏ ဦးစီးချုပ်ဖြစ်ပြီး အကျင့်ပျက်ခြစားမှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများဖြင့် ယခုလအတွင်းက ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း ယွန်ဟပ်သတင်းက ဖော်ပြထားသော်လည်း သတင်းရင်းမြစ်ကိုမူ ပြောကြားထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly