တိုက်စစ်မှူးဟီဂူအင်ကိုပေါင် ၆၇ သန်းမရလျှင် နာပိုလီရောင်းမည်မဟုတ်

တိုက်စစ်မှူးဟီဂူအင်ကိုပေါင် ၆၇ သန်းမရလျှင် နာပိုလီရောင်းမည်မဟုတ်

ဇွန် ၂၇၊ နေပယ် ။        ။ နာပိုလီအသင်းသည် တိုက်စစ်မှူး ဟီဂူအင်ကိုလိုချင်သည့်အသင်းများကို တားဆီးသည့်အနေဖြင့် ကစားသမားဖြစ်သူ၏ စာချုပ်ဖျက်သိမ်း ကြေး ပေါင် ၆၇ သန်းအထိရှိနေသည်ဟု ထောက်ပြပြောဆိုလိုက်သည်။

အာဂျင်တီးနားအသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်နေသည့် အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ အေစီမီလန် အစရှိသည့် ထိပ်သီးကလပ်များက စိတ်ဝင်စားနေကြသည်။

သို့သော်လည်း အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး၏ ကလပ်ဖြစ်သော နာပိုလီအသင်းဥက္ကဋ္ဌ လွန်ဘာဒိုက ယင်းကစား သမား၏ ဆိုဈေး ကို ပေးနိုင်ခြင်းမရှိဘဲ ခေါ်ယူခွင့်ရမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

"ဟီဂူအင်ရဲ့ ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့အကြောင်း သတင်းစာတွေကရေးသားနေကြတဲ့အပေါ် နာပိုလီအသင်းအနေနဲ့ တရားဝင်ကြေညာ ချက်ထုတ်ချင်ပါတယ်။ အသင်းကနေပြောင်းရွှေ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၇ သန်းလို့ သူ့စာချုပ်မှာချုပ်ထားတာရှိတယ်။ ဒီတော့သူ့ကိုလိုချင်တဲ့အသင်းတွေနေနဲ့ အဲဒီကြေးထက်နည်းပြီး ကမ်းလှမ်းလာရင်တော့ ရမှာမဟုတ်ပါဘူး"ဟု လွန်ဘာဒိုက ရေဒီယိုကစ်ကစ် သို့ပြောသည်။

၂၀၁၃ တွင်ရီးယဲလ်မက်ဒရစ်မှ ပေါင် ၃၄ ဒသမ ၅ သန်းဖြင့်ပြောင်းလာသည့် ဟီဂူအင်သည် နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲကစားပြီး ၅၃ ဂိုးသွင်းယူပေးထားသည်။

နာပိုလီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်း၊ နည်းပြဘင်နီတက်ဇ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းသွားခြင်းတို့ကြောင့် ဟီဂူအင်၏ အနေအ ထားကို အီတလီနှင့် ပြည်ပကလပ်များစွာက ဂရုတစိုက်စောင့်ကြည့်နေကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly