အဆိုတော် G-Fatt ၏ ဂျင်ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် အခွေ ဖေဖော်ဝါရီ ၂၁ရက်တွင် ထွက်ရှိမည်

အဆိုတော် G-Fatt ၏ ဂျင်ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် အခွေ ဖေဖော်ဝါရီ ၂၁ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀။           ။ အဆိုတော် G-Fatt ၏ ဂျင်ဟု အမည်ပေးထားသည့် ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ဖေဖော်ဝါရီ ၂၁ရက်တွင် Pyonn Music Production မှ မြန်မာ တစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိပေးသွားမည် ဖြစ်သည်။

အဆိုတော် G-Fatt ၏ ဂျင် တေးအယ်ဘမ် Audio CD ထွက်ရှိမည့် အကြောင်း စာနယ်ဇင်း များနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၉ရက် နေ့လည် ၁နာရီတွင် ရန်ကုန်မြို့ရှိ NewAyeYar Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

" ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး လုပ်ထားတယ်။ ပရိသတ် ရင်ထဲကိုလည်း ထိရောက်မယ့် တစ်ခွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အရမ်းကြီး အောင်မြင်မှု ကြီးကြီးမားမား ကတော့ ကျွန်တော့် ကံနဲ့ ပရိသတ် အားပေးမှုနဲ့ပဲ ဆိုင်ပါတယ်" ဟု ပြောသည်။

ထို တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိရန် အဆိုတော် G-Fatt အနေဖြင့် အချိန် တစ်နှစ်ခွဲကြာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး သီချင်း အားလုံး ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကာ သီချင်းပုံစံမျိုးစုံ ပါဝင်သည်။

Featuring အဆိုတော်များ အနေဖြင့် ပြုံးမြသွယ် ၊ ရွယ်ရွယ် ၊ Ice Cold ၊ J-Fire တို့ မှ ပါဝင် သီဆို ပေးထားကြသည်။ လက်ရှိ အွန်လိုင်းတွင် ပြည်ပသို့ပေးစာ၊ လူသားသစ္စာ စသည့် တေးသီချင်း နှစ်ပုဒ်ကိုလည်း version ပြောင်းကာ ၎င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ်ထဲတွင် ပြန်လည် ထည့်သွင်းထားသည်။

ဂျင် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဖေဖော်ဝါရီ ၂၁ရက်တွင် ထွက်ရှိမည် ဖြစ်ပြီး အခွေ ပရိုမိုးရှင်း အနေဖြင့် အခွေ ထွက်ရှိသည့် နေ့တွင် ညနေ ၄နာရီ မှ ၆နာရီ အထိ ဂျန်းရှင်းစကွဲ Outdoor Area တွင် အမှတ်တရ လက်မှတ် ရေးထိုးပြီး ရောင်းချ ပေးမည် ဖြစ်သည်။

အခွေ ပရိုမိုးရှင်းပွဲကို ရန်ကုန်အပြင် ဖေဖော်ဝါရီ ၂၄ရက် တွင် မန္တလေးမြို့ရှိ မင်္ဂလာမန္တလေးတွင် လည်း ညနေ ၄နာရီ မှ ၆နာရီ အထိ အမှတ်တရ လက်မှတ် ရေးထိုးပြီး အခွေ ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုတော် G-Fatt အနေဖြင့် ဂျင် တစ်ကိုယ်တော် တေးအယ်ဘမ်ကို Audio CD အဖြစ် ဖြန့်ချိ ပြီးပါက  MTV အနေဖြင့် ထပ်မံ ရိုက်ကူး သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly