လော့စ်အိန်ဂျယ်လိစ်ထက်ကျယ်တဲ့ မွေးမြူရေးခြံကြီးကိုဝယ်ယူခဲ့တဲ့ ခရွန်ကီ

လော့စ်အိန်ဂျယ်လိစ်ထက်ကျယ်တဲ့ မွေးမြူရေးခြံကြီးကိုဝယ်ယူခဲ့တဲ့ ခရွန်ကီ

အမေရိကန်ဘောလုံးအသင်း လော့စ်အိန်ဂျယ်လိစ်ရမ်းအသင်းပိုင်ရှင်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ရှယ်ယာတွေကိုလည်းအများဆုံး ပိုင်ဆိုင်ထားတဲ့ ဘီလျံနာခရွန်ကီဟာ ဝေါမတ်အမွေစားအမွေခံဖြစ်တဲ့ ဇနီးဖြစ်သူနဲ့အတူ အမေရိကန်က မွေးမြူရေးခြံကြီးတစ်ခုကို ဝယ်ယူ လိုက်ပါတယ်။

စတန်ခရွန်ကီဟာ တက်ဆက်စ်က ၅၃၅, ၀၀၀ ဧကကျယ်ဝန်းတဲ့ မွေးမြူရေးခြံကြီးကို ဝယ်ယူလိုက်တာပါ။ ခရွန်ကီဟာ အန်းဝယ်တန်ဆိုသူ အမျိုးသမီးနဲ့လက်ထပ်ထားတာဖြစ်ပါတယ်။ အန်းဝယ်တန်ရဲ့ဖခင် ဘတ်ဟာ ညီအစ်ကိုတော်စပ်သူ ဆမ်တည်ထောင်ထားတဲ့ ဝေါမတ်ရဲ့ အစောပိုင်းစီးပွားဖက်တစ်ဦးဖြစ်ပါတယ်။

ခရွန်ကီတို့ဝယ်လိုက်တဲ့ ခြံကြီးရဲ့တန်ဖိုးက ကန်ဒေါ်လာ ၇၂၅ သန်းပေါက်ဈေးရှိပေမယ့် ဘယ်လောက်နဲ့ဝယ်လိုက်တယ်ဆိုတဲ့သတင်းအတိ အကျတော့ တက်မလာခဲ့ပါဘူး။

ခရွန်ကီဟာ ကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကြွယ်ဝပြီး ဇနီးဖြစ်သူကတော့ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံလောက် ကြွယ်ဝပါတယ်။ ဒဗျူတီဝက်ဂွန်နာဆိုတဲ့ မွေးမြူးရေးခြံကြီးဟာ အမေရိကန်မှာအကျယ်ဆုံးဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ထက်တောင် ကြီးတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly