တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေ ဆက်စပ်နေတယ်လို့ ပြောဆိုလိုက်တဲ့ ဒေါ်လှလှရီ

10 February 2016
တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေ ဆက်စပ်နေတယ်လို့ ပြောဆိုလိုက်တဲ့ ဒေါ်လှလှရီ

ငယ်စဉ်ကတည်းကစလို့ တရားသူကြီးတစ်ယောက် ဖြစ်ချင်ခဲ့ပြီး ဥပေဒေဘက်တော်သား အဖြစ်သာ ရပ်တည် ချင်ခဲ့သူ အခုလက်ရှိမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဥပေဒေပိုင်းကနေ အခမဲ့ ကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီနဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။

ဆရာမရှင် ဥပဒေ ပညာရှင်တစ်ယောက်အနေနဲ့ ဘဝရပ်တည်မှုကို ရွေးချယ်ဖြစ်ခဲ့ပုံရယ် ပြီးတော့ အဲတာ ဘယ်အချိန်လောက်တုန်းက ရွေးချယ်ဖြစ်ခဲ့လဲဆိုတာလေးကို   ပြောပြပေးပါအုံးရှင်။

ကျွန်မ ဥပဒေပညာရှင်တော့ မဟုတ်ပါဘူးရှင်။ ကျွန်မဥပေဒေကို အခုထိ လေ့လာသင်ယူနေဆဲတစ်ယောက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်က တရားသူကြီး ဖြစ်ချင်တာပေါ့နော်။ ဒါပေမယ့် တရားသူကြီးတော့ မဖြစ်ဘူး။ ဒါပေမယ့် ဥပဒေနှင့် ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်း တစ်ခုခုမှာ ပါဝင်မယ်လို့ ဆုံးဖြတ်ပြီးတော့ကျွန်မ ဒီရှေ့နေအလုပ်ကို ၂၀၀၈ ခုနှစ်ကတည်းက ကျွန်မ အထက်တန်း ရှေ့နေနဲ့  တရားဥပဒေစိုးမိုးရေးတွေနဲ့ လုပ်ဆောင်လာပြီးတော့ ကျွန်မ အခုဆိုလို့ရှိရင် တရားလွှတ်တော် ရှေ့နေတစ်ယောက်အနေနဲ့ တရားမျှတဖို့အတွက်ရယ် တရားဥပဒေ စိုးမိုးရေးတွေမှာ လုပ်ဆောင်နေပါတယ်။

အမျိုးသမီးတွေရဲ့ အမှုကိစ္စတွေမှာ ဆရာမအနေနဲ့ အခမဲ့ လိုက်ပေးတာတွေလည်း ရှိလာတယ်။ ဒါတွေက ဘယ်လိုစိတ်ဓာတ်မျိုးတွေနဲ့ ဘယ်လိုတွန်းအားမျိုးတွေနဲ့ ပါဝင်ဖြစ်သွားတာလဲ။

ရှေ့နေအလုပ်ကို ရွေးချယ်ကတည်းက ကျွန်မ မြန်မာနိုင်ငံမှာ တရားမျှတမှုကို လက်လှမ်းမီဖို့ခက်ခဲတဲ့သူတွေအတွက် ရပ်တည်ဆောင်ရွက်မယ်ဆိုတဲ့ အဓိက ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ ဒါဟာ ကျွန်မ ရွေးချယ်ခဲ့တာ ဖြစ်တယ်ပေါ့။ အမျိုးသမီးနဲ့ ကလေးတွေရဲ့ တရားမျှတမှုကို အဓိက ဦးတည်ဆောင်ရွက်ရတာကတော့ ကျွန်မတို့ သူတို့တွေ ပိုပြီးတော့ လုပ်ဆောင်ပေးဖို့လိုတယ်လို့ ယုံကြည်လို့  အမျိုးသမီးတွေရဲ့ တရားမျှတပုံနဲ့  ကလေးတွေကို အဓိက Focus  ထားပြီးတော့ လုပ်ဆောင်လာတာ ဖြစ်တယ်ပေါ့။

legal clinic myanmar မှာ ဆရာမ တာဝန်ယူထားတဲ့ အပိုင်းကိုပြောပြပေးပါအုန်း့။

ကျွန်မ legal clinic myanmar မှာ ဒါရိုက်တာလဲ ဟုတ်ပါတယ်။ တရားလွှတ်တော် ရှေ့နေလည်း ဟုတ်ပါတယ်။ ကျွန်မတို့ legal clinic myanmar ကအပိုင်း (၅) ပိုင်းနဲ့ ဆောင်ရွက်တယ်ပေါ့နော်။ ပြည်သူတွေကို တရားမျှတမှု ဥပဒေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမြင်ပွင့်လာအောင် အမြင်ပွင့် သင်တန်းတွေလည်း ပေးပါတယ်။ နောက်တစ်ချက်က ကျွန်မတို့ ဥပဒေ အထောက်အကူပြုဆိုတာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီအမျှမတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကူညီ လမ်းညွန်ဆောင်ရွက်ပေးနိုင်တဲ့ သူလို့ ခေါ်တဲ့ ဥပဒေ အထောက်အကူပြု သင်တန်းတွေလည်း ပေးပါတယ်။ ပြီးမှ လူမှုအသိုင်းဝိုင်း ရပ်ရွာတွေက တက်လာတဲ့  အမျိုးသမီးနဲ့ဆိုင်တဲ့ အကြမ်းဖက်တွေ အခြားကလေးသူနဲ့ ပတ်သက်တဲ့ အကြမ်းဖက်တဲ့ ထိပါးနှောက်ယှက်တာတွေကို ကျွန်မတို့က Free legal servic အနေနဲ့  ငွေကြေးတစ်စုံတစ်ရာ မယူဘဲနဲ့ လုပ်ဆောင်ပေးပါတယ်။

ကျွန်မတို့ ရုံးမှာ ၂၄ နာရီဖွင့်ထားတဲ့ Hotline  ဖုန်းနံပါတ် တွေ ရှိပါတယ်။ အဲဒီက တစ်ဆင့် ပြည်သူတွေက ဘယ်သူပဲ ဖြစ်ဖြစ် ဥပဒေကိစ္စပဲဖြစ်ဖြစ် ကျွန်မ တို့ကို မေးမြန်းအကြံတောင်းနိုင်တယ်။ ကျွန်မတို့က ဆွေးနွေးနိုင်တယ်။ ရုံးကိုလာပြီးတော့ ဘယ်ဥပဒေနဲ့ ပတ်သက်တဲ့ အခက်အခဲမဆို ကျွန်မတို့ကို လာရောက် အကြံတောင်းတာ ဖြေရှင်းပေးတယ်။ ညှိနှိုင်းပေးတာတွေကို လုပ်ပါတယ်။

နောက်ဆုံး တစ်ဆင့်ကတော့ ကျွန်မတို့ legal clinic myanmar ရုံးချုပ်အပါဝင် ကျွန်မတို့ မြန်မာနိုင်ငံ တိုင်းဒေသကြီး ၅နေရာမှာ ကျွန်မတို့က ရုံးခွဲလေးတွေ ရှိတယ်။ အဲဒီကလည်း ကျွန်မတို့ ဒီ ဆားဗစ်တွေကို ပေးနေတယ်။ အဲဒီကနေ နောက်ဆုံး တွေ့ရှိချက်တွေကို ကျွန်မတို့ရဲ့ သုံးသပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ကျွန်မတို့က ပြည်သူတွေရဲ့တရားမျှတမှု တရားဥပဒေ စိုးမိုးရေးကို သွားတဲ့အခါမှာ ဘယ်လို ကောင်းမွန်အောင် လုပ်မလဲဆိုတာကို အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ လုပ်ဆောင်တာတွေ ရှိပါတယ်။

ဟုတ်ကဲ့ပါရှင့်။ ဘယ်လိုအကြမ်းဖက်မှုမျိုးတွေက မြန်မာနိုင်ငံမှာ အမြောက်များဆုံး ဖြစ်ပေါ်နေတာ တွေ့ရလဲရှင့်။

အိမ်တွင်း အကြမ်းဖက်မှု ပိုများတာကို ကျွန်မတို့ တွေ့ရတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက  အိမ်ထောင်သည် အမျိုးသားတွေရဲ့ ဒီ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျွန်မတို့ တွေ့ရတယ်။  အခု၂၀၁၅ မှာဆိုလို့ရှိရင် ကျွန်မတို့ ဘယ်ထိတောင် တွေ့လာရလဲဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အိမ်ထောင်သည် အမျိုးသားကနေ လုပ်တာ။ ကိုယ့်ရဲ့ ဆွေမျိုးရင်းချာတွေက လုပ်တာရယ်။ နောက်သူနဲ့ ရင်းနှီးကျုံးဝင်တဲ့ ရည်းစားတွေက လုပ်တာတွေကို တွင်တွင်ကျယ်ကျယ်ကိုပဲ ၂၀၁၅ မှာ ဒီဘက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ်ကိုပဲ တွေ့လာရတယ်။

ကျွန်မတို့ ရုံးမှာ ၂၀၁၅ အမှုလေးတွေကို လေ့လာလိုက်တဲ့ အခါမှာ ကျွန်မတို့ ရုံးကို အကူညီတောင်းတဲ့ အမှုတိုင်းသည် ကလေး သက်ငယ်မူဒိန်းတွေပဲ တွေ့တာ ဖြစ်နေရတယ်ပေါ့နော်။ အဲဒီအရာတွေက ကျွန်မတို့ စိတ်မကောင်းစရာပေါ့။ ကလေးတွေကဆိုရင် တော်တော်လေးကို ငယ်သေးပါတယ်။ ဒီ ၃နှစ်ကနေ ၁၄ နှစ်အထိပေါ့နော်။ ကလေးတွေက ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတယ်ဆိုတာ ကျွန်မတို့ တွေ့ရတယ်။

အခုနောက်ပိုင်းမှာ အိမ်တွင်း အကြမ်းဖက်မှုကလည်း တွင်တွင်ကျယ်ကျယ် ဖြစ်လာနေတယ်ဆိုတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကကော အဲဒီအရာကို သတိထားမိလာပြီလား။ သူတို့ အကြမ်းဖက်ခံနေရတယ်ဆိုတာကို လက်ခံလာပြီလားရှင့်။

အဲဒါကို ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ ၂၀၁၂ တုန်းကပေါ့နော်။ ကျွန်မတို့ ဥပဒေ အမြင်အဖွင့်တွေ မပေးခင်ပေါ့။ မပေးခင် ကျွန်မတို့ ဆာဗေးလုပ်ပါတယ်။ မေးမြန်းတယ်ပေါ့နော်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘာအကြမ်းဖက်မှုတွေ ရှိလဲဆိုတာ မေးကြည့်တဲ့အခါမှာ အမျိုးသားကော အမျိုးသမီးကော ဘာအကြမ်းဖက်မှုမှ မရှိဘူးဆိုပြီးတော့ ဖြေတယ်ပေါ့နော်။ ဒီတော့ ပြောချင်တာက ကျွန်မတို့ နိုင်ငံမှာ domestic violence လို့ခေါ်တဲ့ အိမ်တွင်း အကြမ်းဖက်မှုသည် ဒါအကြမ်းဖက်မှုအဖြစ် မရှုမြင်ဘူးပေါ့နော်။ ဒါက အိမ်တွင်းရေး ဖြစ်တယ်ပေါ့နော်။ ဒါက မိသားစုအရေး အပြင်ကို မပြောရဘူး။ အဲဒီဟာတွေ ရှိနေတယ်။ အဲဟာတွေနဲ့ အသားကျလာတဲ့ community တစ်ခုမှာ ကျွန်မတို့ ကြီးပြင်းလာတယ်ပေါ့။ အဲအရာတွေကို အကြမ်းဖက်မှုတွေနဲ့ ရှုမြင်ဖို့ကတော့ ကျွန်မတို့ ခက်ခဲနေတယ်ပေါ့။ အဲဒီအပေါ်မှာ ကျွန်မတို့ အမြင်ဖွင့်လိုက်တဲ့ အခါမှာ ဒါသည်  violence ပါတဲ့ အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာကို အမြင်ပွင့်သွားတာနဲ့ လူဆိုတာ မသိခင်ပဲ ငြိမ်ခံနေတယ်ပေါ့နော်။ သိပြီးရင် သိလည်း သိသွားပြီ ကူညီပေးချင်တဲ့ သူတွေလည်း ရှိနေတဲ့အခါမှာ ပိုပြီးတော့  Speed out  ကျွန်မတို့ ပိုပြီးတော့ ဖွင့်ပြောလာတာပေါ့နော်။

အခုဆိုရင် အမျိုးသမီးအကြမ်းဖက် ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေ ထွက်ပေါ်လာဖို့ ဆရာမတို့ အနေနဲ့ အသည်းအသန် ကြိုးစားလာတာ တွေ့နေရတယ်ပေါ့နော်။ ဒီနှစ်တစ်လျောက်လုံးမှာပေါ့နော်။ အဲအခြေအနေတွေကလည်း ဘယ်လိုဖြစ်သွားပြီလဲရှင့်။

အဲတာကတော့လေ ကျွန်မတို့ ဥပဒေကြမ်းပေါ့နော်။ အမျိုးသမီးများ အကြမ်းဖက် ကာကွယ်တားဆီးရေး ဥပဒေကတော့ ဝန်ကြီးဌာန ဦးဆောင်ပြီး ရေးဆွဲတာ ဆိုတော့လေ ကျွန်မတို့အနေနဲ့ အဲဒီမှာကတော့ ကျွန်မ gender equality network ကတဆင့် ကျွန်မက ဒီဥပဒေကြမ်း ရေးဆွဲတဲ့ အထဲမှာ ပါဝင်တယ်။  ဒါပေမယ့် အဲဒီဥပဒေရဲ့ အနေအထားနဲ့ ပတ်သက်လို့တော့ ဥပဒေကြမ်း တစ်ခုလုံးကတော့ ပြီးသွားပြီ။ ဒီသက်ဆိုင်ရာ အပေါ်ကို တင်ထားပြီလို့တော့ ကျွန်မတို့ သိရပါတယ်ရှင့်။ ဒါပေမယ့် ကျွန်မ ထင်ပါတယ်။ နောက်တက်လာမယ့် လွှတ်တော်မှာဆိုရင် အဲဒီဥပဒေ တက်နိုင်တယ်ပေါ့နော်။ ကျွန်မ ယုံကြည်ပါတယ်။. ၂၀၁၆ လောက်ဆိုရင်တော့ အမျိုးသမီးတွေ အပေါ် ကာကွယ်တားဆီးတဲ့ ဥပဒေကြမ်းတစ်ခုကတော့ သီးသန့် ထွက်လာမယ်လို့ ယုံကြည်ပါတယ်။

ဆရာမက တိုင်းရင်းသူ တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ ငယ်ငယ်က တိုင်းရင်းသား ဒေသမှာပဲ ကြီးပြင်းခဲ့တာလား။ ဆရာမရဲ့ ငယ်ဘဝအကြောင်းလေး ပြန်ပြောပြပါအုံး။

တောရွာလေး တစ်ရွာက ကျွန်မတို့ မိဘတွေက အဲမှာ ကြီးပြင်းပြီးတော့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ ရခိုင်ပြည်နယ်ရဲ့ မင်းပြားမြို့ပေါ်မှာ ကျွန်မတို့ မွေးပြီးတော့ ကြီးပြင်းလာတယ်ပေါ့။ ညီအစ်ကို မောင်နှမ ကိုးယောက်ရှိတယ်။ အဲတော့ ကျွန်မက အမျိုးသမီးထဲမှာဆို အငယ်ဆုံးပေါ့နော်။ အဲဒီခေတ်အနေထားတစ်ခုမှာ အရမ်းကို ခွဲခြား ဆက်ဆံမှု များတယ်ပေါ့။ ကျွန်မတို့ သက်ဆိုင်ရာ ဌာနတွေ သွားတယ်။ နောက်တရားရုံးတွေမှာ ဆိုရင် အမှုဖြစ်တဲ့သူတွေပေါ့နော်။ များသောအားဖြင့် ကျွန်မတို့တွေတွေ့ရတယ်။ အဲတုန်းက မြင်တာပေါ့။ တောင်သူလယ်သမား အခြေခံလူတွေရဲ့အမှုတွေ ဖြစ်တယ်။ ရင်ဆိုင်တယ်။ သူတို့ တရားရုံးတွေမှာ ဘယ်သူကို အကူညီတောင်းရမယ့်လူလို့ မသိဘူး။ ပြီးလို့ရှိရင် သူတို့မှာ အရမ်းကို ကြောက်နေတဲ့ စိတ်တွေ မျက်နှာအနေထားတွေ သူတို့အတွက် နေရာမရှိတဲ့ အနေထားတွေပေါ့။ ပြောဖို့အတွက် နေရာမရှိတဲ့ အနေထားတွေ အဲဒီအရာကို ကျွန်မတို့ မြင်တယ်။ မြင်တဲ့အတွက် ဥပဒေတက်နေကတည်းက ကျွန်မ ဆုံးဖြတ်လိုက်တယ်ပေါ့နော်။ ကျွန်မ တရားသူကြီး ဖြစ်အောင်လုပ်မယ်။ တရားသူကြီးဖြစ်လို့ရှိရင် တသားတည်းပဲ ဆက်ဆံမယ်ပေါ့။ အကုန်လုံး တရားမျှတမှုအတွက် ရပ်တည်တဲ့ ရှေ့နေလို့ တရားသူကြီး လုပ်မယ်ဆိုပြီးတော့ ကျွန်မ ဥပဒေကို Join တယ်။ ပြီးရင် ဥပဒေ LLB ကို စစ်တွေ တက္ကသိုလ်ကနေ အဝေးသင် ကျောင်းပြီးတာနဲ့ တရားသူကြီး စာမေးပွဲဖြေဖို့ ချက်ချင်းလာတယ်။ ကျွန်မ တရားသူကြီး စာမေးပွဲဖြေတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်မ အရွေးချယ် မခံခဲ့ရပါဘူး။ ဆုံးဖြတ်လိုက်တယ်။ ရှေ့နေဆိုရင်လည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ကူညီလို့ ရတယ်။ ရှေ့နေဆိုလည်း ကူညီလို့ရတယ်ဆိုပြီး လုံးဝ ဆုံးဖြတ်လိုက်တယ်။ တရားသူကြီး စာမေးပွဲလည်း ကျွန် ဘယ်တော့မှ မဖြေတော့ဘူး။

၂၀၀၈မှာ ကျွန်မ အထက်တန်း ရှေ့နေ လိုင်စင်ရတယ်။ ရတာနဲ့ ကျွန်မ ချက်ချင်းပြန်သွားတယ်။ ပြန်သွားပြီးတော့ အဲမှာရှိတဲ့ တောင်သူတွေနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အထောက်အကူပြု ဆွေးနွေးတာ ရှိတယ်။ ဆွေးနွေးလိုက်တဲ့ အခါမှာမှ ပြဿနာတွေက အများကြီးတက်လာတယ်။ ဘာကြောင့်လဲဆိုရင် သူတို့က မပြောရဲဘူး။ လုပ်ပေးမယ့်သူကလည်း ဘယ်သူမှ မရှိဘူး။ အဲဒီဟာတွေကို ကျွန်မ နိုင်သလောက် လုပ်ပေးတယ်။ ကျွန်မတို့ ၂၀၀၈ ကနေ ၂၀၀၉ ထိ ကျွန်မ တစ်နှစ်လုံးလုံး အမှုလိုက်တယ်ပေါ့နော်။ အမှု ၂၀ လောက်ပဲ ရှိပါတယ်။ အဲဒီမှာ ပိုက်ဆံယူပြီး လိုက်တဲ့အမှုက ၁၀ မှုလိုက်ပဲ ရှိတယ်။ ပြီးလို့ရှိရင် ကျွန်မ တစ်ယောက်တည်း လိုက်လို့မရတဲ့ အမှုတွေ ရှိလာတယ်။ အဲဒီတော့ အသိုင်းဝိုင်းတစ်ခုတည်းမှာ ပြန်ပြီးတော့ connection လုပ်ရအုံးမယ်။ ကျွန်မရဲ့ capacity ပိုင်းကို ထပ်ဖြည့်ရအုံးမယ်ဆိုတာ ယုံကြည်ပြီးတော့ ဒီကို ၂၀၀၉မှာ ပြန်လာတယ်။ ၂၀၁၁ မှာ ကျွန်မရဲ့ ကချင်သူငယ်ချင်း ရှေ့နေတစ်ယောက်နဲ့ legal clinic myanmar ကို စပြီးတည်ထောင်တယ်။ တည်ထောင်တဲ့ အဓိက ရည်ရွယ်ချက်က တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှုအတွက်ရပ်တည်ပေးမယ်ဆိုပြီးတော့ ကျွန်မတို့ ရည်ရွယ်ချက်က အဲတာ ဖြစ်တဲ့အတွက် အဲကတည်းကနေ ကျွန်မတို့ ဇောက်ချပြီးတော့ လုပ်ကိုင်လာတာ ပေါ့နော်။

ဆရာမအနေနဲ့ ဆရာမ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းပေါ့။ အမှုကိစ္စတွေမှာမှ ရိုးရိုး အမှုကိစ္စတွေ မဟုတ်ပဲနဲ့ အင်းအားနည်းတဲ့ဘက်ကနေ ရပ်တည်ပေးခဲ့တယ်။ အဲဒီအရာတွေတစ်ခုကို တန်ပြန်သက်ရောက်မှုတစ်ခုအနေနဲ့ ဆိုးဆိုးဝါးဝါး ဆက်ဆံခံရတာမျိုးတွေ တမင်လိုက်ပြီးတော့ ညစ်တွန်းတွန်းတဲ့ အတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးတာ ရှိလားရှင့်။

ကျွန်မတို့ ရခိုင်မှာ နေတုန်းကဆိုရင် ကျွန်မတို့ မိသားစုပေါ့နော်။ မိသားစုကို လာပြီးတော့ ဒီကိစ္စကို ဆက်မလုပ်ပေးဖို့ အဲလိုမျိုးတွေ ပြောတာပေါ့နော်။ ကျွန်မ ရခိုင်က ဒီကိုလာတာလည်း ဒီကိစ္စတွေ ပါတယ်ပေါ့။  ဒီ legal clinic myanmar နဲ့ လုပ်တဲ့ တစ်လျောက်မှာကတော့ ကျွန်မတို့မို့လို့ စိန်ခေါ်ပြီးတော့ လုပ်ပေးနေတယ်လို့ အဲလိုမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ရခိုင်မှာ ကျွန်မ တစ်နှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ အခါမှာတော့ နည်းနည်း အခက်ခဲတွေ ရှိတယ်။

ဆရာမအနေနဲ့  အဖြစ်ချင်ဆုံး စိတ်ဆန္ဒ တစ်ခုပေါ့နော်။ ဒီဥပဒေ ကြောင်းနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် ဆရာမမှာ ထပ်ပြီး လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဘာတွေ ဖြစ်ချင်သေးလဲရှင့်။

ကျွန်မတို့ မြန်မာနိုင်ငံက ပြည်သူတွေကို တရားမျှတမှုကို ပိုပြီးတော့ အာရုံစိုက် ပိုပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုက ကျွန်မတို့လည်း လုပ်နေတယ်။ ဒါပေမယ့် လုပ်တာလုပ်တယ်။ အကြီးကြီးပြောင်းလဲဖို့က  ကျွန်မတို့ ခက်ခဲနေတာတွေကို ကျွန်မတို့တွေ့ရတယ်။ အဲဟာတွေကို ကျွန်မတို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ကော ကိုယ့် ပြည်သူတွေရဲ့ တရားမျှတမှုတွေက အရမ်းကို အရေးကြီးပါတယ်။ တရာမျှတမှုရှိမှ တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှုနဲ့ ဒွန်တွဲနေတယ်။  အဲလိုမျိုးဖြစ်မှ ကျွန်မတို့က ပြည်သူတွေရဲက စာဝတ်နေရေး ပြည်သူတွေရဲ့ အကုန်လုံး လုံခြုံမှုတွေကို အာမခံနိုင်ပြီးတော့ ပြည်သူတွေကလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်ပေါ့။ အဲဒီတော့ ကျွန်မတို့လုပ်နိုင်တာကတော့ အရမ်းကိုနည်းပါးသေးတယ်။  အမျိုးသမီးတွေနဲ့ အခြားသော ပြည်သူတွေရဲ့ တရားမျှတမှုအတွက် ကူညီပေးတဲ့ စင်တာတွေ ကျွန်မအနေနဲ့ လုပ်နိုင်တယ်ဆိုရင်လည်း လုပ်ချင်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ ဘက်ကလည်း လုပ်နိုင်တာတွေ လုပ်နေပါတယ်ဆိုတာလေး ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly