ဂြိုဟ်တုလွှတ်တင်ပြီးနောက် မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ဂျပန်ချမှတ်

ဂြိုဟ်တုလွှတ်တင်ပြီးနောက် မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ဂျပန်ချမှတ်

တိုကျို၊ ဖေဖော်ဝါရီ ၁၀။           ။ နျူကလီးယားလက်နက်တစ်ခုကို တပ်ဆင်အသုံးပြုနိုင်သော ပဲ့ထိန်းဒုံးနည်းပညာဖွံ့ဖြိုးရေးအတွက် စမ်းသပ်မှုကို ဖုံးကွယ်မှုအဖြစ် ဝါရှင်တန်နှင့် တိုကျိုအပါအဝင် မဟာမိတ်များက ရှုမြင်ထားသော ဂြိုဟ်တုလွှတ်တင်မှုကို မြောက်ကိုရီးယားက ပြုလုပ်ပြီးနောက် မြောက်ကိုရီးယားအပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်က ဖေဖော်ဝါရီ ၁၀ တွင် ပြောကြားသည်။

မြောက်ကိုရီးယားသို့ ငွေလွှဲမှုများကို တားမြစ်မည်ဖြစ်ကြောင်း ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ သူလျိုများကို လေ့ကျင့်ပေးရန် ဆယ်စုနှစ် များစွာက မြောက်ကိုရီးယားအေးဂျင့်များက ပြန်ပေးဆွဲသွားခဲ့သော ဂျပန်နိုင်ငံသားများကိစ္စ ပြန်လည်စုံစမ်းပေးမည်ဟု ပြုံယမ်းက ပြောကြားပြီးနောက် ၂၀၁၄ ဇူလိုင်တွင် မြောက်ကိုရီးယားအပေါ် ဂျပန်က ပိတ်ဆို့မှုအချို့ကို လျှော့ပေါ့ပေးခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံသားများကိစ္စကို စုံစမ်းစစ်ဆေးမှုမှာ တိုးတက်မှုမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly