နယူးဟမ့်ပရှိုင်းယား ပါတီကိုယ်စားပြုရွေးကောက်ပွဲများတွင် ထရန့်နှင့် ဆန်းဒါး အနိုင်ရ

နယူးဟမ့်ပရှိုင်းယား ပါတီကိုယ်စားပြုရွေးကောက်ပွဲများတွင် ထရန့်နှင့် ဆန်းဒါး အနိုင်ရ

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၀ ။               ။ နယူးဟမ့်ပရှိုင်းယားပြည်နယ် ပါတီကိုယ်စားပြု ရွေးကောက်ပွဲများတွင် အိမ်ခြံမြေထိပ်သီးကြီး ဒေါ်နယ်ထရန့်နှင့် ဗားမောင့်အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးတို့ အသီးသီးအနိုင်ရခဲ့ကြသည်။

အင်္ဂါနေ့က အဓိကပြည်နယ်တွင် ည၈နာရီ မဲရုံပိတ်သိမ်းချိန်၌ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်ပါတီ နှစ်ခုတွင် ထရန့်နှင့် ဆန်းဒါးတို့က အသီးသီး ဦးဆောင်နေခဲ့ကြသည်။

ရီပတ်ဘလီကင်ဘက်ခြမ်းတွင် ထရန့်က မဲအားလုံး၏ ၃၄.၂ရာခိုင်နှုန်းဖြစ် ရှေ့ဆုံးမှပြေးနေကာ ၎င်း၏နောက်မှ အိုဟိုင်းယိုး ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန် ကာဆစ်က ၁၆.၃ရာခိုင်နှုန်းနှင့် ဒုတိယ လိုက်နေသည်။

အိုင်အိုဝါမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် တက္ကဆက် အထက်လွှတ်တော်အမတ် တက် ခရုဇ်က ၁၁.၆ရာခိုင်နှုန်းနှင့် တတိယနေရာတွင် ရပ်တည်နေကာ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ဂျက်ဘုရှ်၊ ဖလော်ရီဒါ အထက်လွှွှတ်တော်အမတ် မာကို ရူဘီယိုနှင့် နယူးဂျာဆီ အုပ်ချုပ်ရေးမှူး ခရစ် ခရစ္စတီတို့က နောက်မှ အသီးသီးကပ်လိုက်နေကြသည်။

ဒီမိုကရတ်ဘက်ခြမ်းတွင်မူ ဆန်းဒါးက ၅၉.၅ရာခိုင်နှုန်းနှင့် အနိုင်ရဦးဆောင်နေကာ အိုင်အိုဝါ မဲဆန္ဒနယ်တွင် ဗားမောင့် လွှတ်တော်အမတ်ကို အနိုင်ရခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကမူ ၃၈.၇ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်နေသည်။

‘အခု ဒီနေရာကလူတွေပြောနေကြတာက ကျနော်တို့နိုင်ငံဟာ ဧရာမအကျပ်အတည်းကြီးတွေကို ရင်ဆိုင်နေရလို့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ တစ်ခါလာ မဲပြာပုဆိုးပဲဆိုရင် နောက်ကျ လွန်းနေပါပြီ။ ဝေါစထရိ ကနေ ဝါရှင်တန်အထိ၊ မိန်းကနေ ကယ်လီဖိုးနီးယားအထိ ပဲ့တင်ထပ်နေမယ့် ကျနော်တို့ရဲ့ သတင်းစကားက ဒီတိုင်းပြည်ကြီးရဲ့ အစိုးရကို ပြည်သူအားလုံးက ပိုင်ဆိုင်တာပါ။ မဲဆွဲပွဲအလှူရှင် လူချမ်းသာ တစ်စုက ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတာပါပဲ’ဟု ဆန်းဒါးက ထောက်ခံသူများကို ပြောကြားခဲ့သည်။

သို့ရာတွင် ကလင်တန်မှာ လူမည်းအမေရိကန်များနှင့် စပိန်နွယ်အမေရိကန် လူနည်းစုများကြားတွင် ပိုမိုလူကြိုက်များသောကြောင့် နီဗားဒါးနှင့် တောင်ကယ်ရိုလိုင်းနားလို လူမျိုးစုံပြည်နယ်များတွင် ပိုမိုအလားအလာကောင်းမွန်ကြောင်း ကလင်တန်၏ မဲဆွယ်အဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly