မန်ယူနည်းပြရာထူးကို လက်ခံယူရန်စာချုပ်ခဲ့ပြီးဟု မိတ်ဆွေများကို မော်ရင်ဟိုပြော

မန်ယူနည်းပြရာထူးကို လက်ခံယူရန်စာချုပ်ခဲ့ပြီးဟု မိတ်ဆွေများကို မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၁၀၊ မန်ချက်စတာ ။              ။ လာမည့်နွေရာသီတွင် မန်ယူနည်းပြရာထူးကို လက်ခံရယူရန် စာချုပ်ခဲ့ပြီးပြီဟု မိတ်ဆွေများကိုမော်ရင်ဟိုကပြောကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြ လိုက်သည်။

ပေါ်တူဂီနည်းပြမော်ရင်ဟိုသည် မန်ယူတွင်ရုန်းကန်နေရသည့် ဗန်ဟားလ်နေရာကိုဆက်ခံရန် သဘောတူညီလုနီးပြီဟု ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းက ဒေးလီးမေးလ်ကပင် ဖော်ပြခဲ့ဖူးသည်။

မော်ရင်ဟိုသည် ဒီဇင်ဘာတွင် ချယ်လ်ဆီးအသင်းမှထုတ်ပယ်ခံရပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး မန်ယူအသင်းကို ကိုင် တွယ်ဖွယ်ရှိသည်ဟု သတင်းများ ကျယ်ပြန့်စွာထွက်နေသူဖြစ် သည်။

ယခုအခါတွင် မန်ယူနှင့်သဘောတူခဲ့ပြီဖြစ်ကြောင်း မိတ်ဆွေများကိုပြောခဲ့သဖြင့် ရာသီကုန်တွင် မန်ယူနည်းပြအဖြစ်မြင်တွေ့ရဖွယ်ရှိနေသည်။ မော်ရင်ဟိုရောက်လာခြင်းက ဗန်ဟားလ်၏ မအောင်မြင်သောနှစ်နှစ်တာ မန်ယူနည်းပြဘဝကိုလည်း အဆုံးသတ်သွားစေမည်ဖြစ်သည်။

ဗန်ဟားလ်၏စာချုပ် သက်တမ်းတစ်နှစ်ကျန်သေးသော်လည်း အပြောင်းအရွှေ့ဈေးကွက်အတွင်ပေါင်သန်းပေါင်းများစွာသုံးစွဲခဲ့သည့်တိုင် အထင်ကြီးလေးစားလောက်သော စွမ်းဆောင်မှုမျိုးမပြနိုင် သည့်အပြင် ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိသဖြင့်အဘက်ဘက်မှထောက်ခံမှု ကျဆင်းခဲ့ရသည်။

မော်ရင်ဟို၏အပြောင်းအရွှေ့အမှန်တကယ်ဖြစ်လာမည်ဆိုပါက လာမည့်နှစ်တွင် မန်စီးတီးကိုတာဝန်ယူမည့် ဂွာဒီယိုလာနှင့် မန်ယူနည်းပြ မော်ရင်ဟိုတို့၏ ပြင်းထန်သောပြိုင်ဆိုင်မှုကို တဖန်ပြန်လည်တွေ့မြင်ရမည်ဖြစ်သည်။

ယင်းတို့နှစ်ဦးသည် စပိန်တွင် ရီးယဲလ်နှင့် ဘာစီလိုနာ အသင်းတို့ကို ကိုင်တွယ်စဉ်က ပြိုင်ဘက်များဖြစ်ခဲ့ကြဖူးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly