တူနီးရှားတွင် ဗလီ ၈၀ ခန့် ပိတ်ပစ်မည်ဟု ဝန်ကြီးချုပ်ပြော

တူနီးရှားတွင် ဗလီ ၈၀ ခန့် ပိတ်ပစ်မည်ဟု ဝန်ကြီးချုပ်ပြော

တူနီးရှားနိုင်ငံ ကမ်းေခြေတစ်ခုတွင် လူပေါင်း ၃၉ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်ပြီးနောက် အကြမ်းဖက်မှုများ လှုံ့ဆော် သည့် နေရာများဟု သံသယရှိသော  ဗလီ ၈၀ ဝန်းကျင်ကို ပိတ်ပစ်ရမည်ဟု ဝန်ကြီးချုပ် ဟာဘစ်အီဆစ်က ပြောကြားလိုက် သည်။

အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ဗလီများက သွေးထိုးလှုံ့ဆော်မှုများကို ဖြန့်ဖြူးနေကြောင်းနှင့် သီတင်းတစ်ပတ်အတွင်း ယင်းဗလီများကို ပိတ်ပစ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့ခြင်းဖြစ်သည်။

သေနတ်သမားတစ်ဦးက  ဇွန် ၂၆ ရက်တွင် ဆော်စီအပန်းဖြေမြို့ ကမ်းခြေ၌  နိုင်ငံခြားခရီးသွားဧည့်သည်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုအတွင်း တူနီးရှားနိုင်ငံသားများ၊ ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်နိုင်ငံသားများနှင့် အိုင်ယာလန်နိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့သည်။ တိုက်ခိုက်မှုကို အိုင်အက်စ်တို့က မိမိတို့လက်ချက်ဖြစ်ကြောင်းပြောသည်။

သေနတ်သမားဖြစ်သူကို ရဲက ပစ်ခတ်သုတ်သင်ခဲ့ရသည်။ ၎င်းသေနတ်သမားဖြစ်သူသည် ကျောင်းသားတစ်ဦးသာဖြစ်ပြီး ယခင်ပြစ်မှုကင်းရှင်းမှတ်တမ်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုတိုက်ခိုက်မှုသည် တူနီးရှားနိုင်ငံအတွင်း ဒုတိယမြောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်။ ပြီးခဲ့သည့် မတ်လက စစ်သွေးကြွများက တူးနစ်မြို့တော်ရှိ ပြတိုက်ကို တိုက်ခိုက်ရာ နိုင်ငံခြားဧည့်သည်အများစုအပါအဝင် လူပေါင်း ၂၂ ဦးသေဆုံးခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly