အိုဘားမားရွေးသည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်အား လွှတ်တော်တစ်ရပ်လုံး ထောက်ခံ

အိုဘားမားရွေးသည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်အား လွှတ်တော်တစ်ရပ်လုံး ထောက်ခံ

အမေရိကန်သမ္မတရွေးချယ်သည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို လွှတ်တော်တစ်ရပ်လုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့သည်။

အမေရိကန်အထက်လွှတ်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် Scot Marciel ကို မဲရလဒ် ၉၀-၀ ဖြင့် တစ်ညီတစ်ညွတ်တည်းထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်အတွင်းဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည့် Marciel သည် အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရာဇီးနှင့် တူရကီတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

Marciel ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အောက်တိုဘာလအတွင်းက သမ္မတအိုဘားမားက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ အိုဘားမား၏ အဆိုပြုချက်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်ခြင်းမရှိခင် အစိုးရက မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးလာမည်ကို စိုးရိမ်မှုများကြောင့် အတည်ပြုရန် နှောင့်နှေးနေခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly