စင်ကာပူမှ ခိုးထွက်ရန် ကြံစည်နေသော အိုဗာစတေးဖြစ်နေသည့် မြန်မာနှစ်ဦးအား ဖမ်းဆီး

စင်ကာပူမှ ခိုးထွက်ရန် ကြံစည်နေသော အိုဗာစတေးဖြစ်နေသည့် မြန်မာနှစ်ဦးအား ဖမ်းဆီး

စင်ကာပူတွင် သက်တမ်းကျော်နေထိုင်နေဖွယ်ရှိသည့် မြန်မာနိုင်ငံသားနှစ်ဦး ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းက နိုင်ငံတွင်းမှ ခိုးထွက်ရန် ကြံစဉ် ဖမ်းဆီးရမိကြောင်း the straits times သတင်းတွင် ဖော်ပြ သည်။

ရဲဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင် ICA တို့ ပူးတွဲထုတ်ပြန်ချက်တွင် နံနက်လေးနာရီဝန်းကျင်၌ ဝုဒ်လန်းစစ်ဆေးဂိတ်မှ တာဝန်ရှိသူများထံ ကမ်းခြေစောင့်ရဲတပ်ဖွဲ့မှ မလေးရှား သို့သွယ်တန်းသည့် ရေပိုက်လိုင်းတစ်လျှောက် မြန်မာနှစ်ဦး လျှောက်သွားကြဖွယ်ရှိကြောင်း သတင်းပေးချက် ရရှိခြင်းဖြစ်သည်။

ဆယ်မိနစ်ခန့်အကြာတွင် အသက် ၂၆ နှစ်နှင့် ၄၂ နှစ်ရှိ ယင်းမြန်မာနှစ်ဦးကို တွေ့ရှိကြပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနှင့်အတူ ရေကိုဖြတ်ကူးရန် သုံးဖွယ်ရှိသည့် စက်ဘီးကျွတ်များကိုလည်း တစ်ပါတည်း တွေ့ရှိခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ စင်ကာပူနိုင်ငံအတွင်း သက်တမ်းကျော်နေထိုင်ခြင်း သို့မဟုတ် တရားမဝင်ဝင်ရောက်ခြင်း အပြစ်ရှိပါက ထောင်ဒဏ်ခြောက်လအထက်နှင့် ကြိမ်ဒဏ် အနည်းဆုံး သုံးချက် ပြစ်ဒဏ်ချမှတ်နိုင်ပြီး နိုင်ငံတွင်းမှ ခိုးထွက်သည်ဆိုပါက ငွေဒဏ် ဒေါ်လာ ၂၀၀၀ အထက် သို့မဟုတ် ထောင်ဒဏ်ခြောက်လချမှတ်နိုင်သလို ပြစ်ဒဏ်နှစ်ရပ်စလုံးလည်း တစ်ပါတည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags