ပျက်ကျသည့် တပ်မတော်လေယာဉ်ပေါ်ပါ ငါးဦးတွင် လေးဦးပွဲချင်းပြီးသေဆုံး

ပျက်ကျသည့် တပ်မတော်လေယာဉ်ပေါ်ပါ ငါးဦးတွင် လေးဦးပွဲချင်းပြီးသေဆုံး
ဖေဖော်ဝါရီ ၁၀ရက်က လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာအနီး ပျက်ကျခဲ့သည့် တပ်မတော်ပိုင် လေယာဉ်မြင်ကွင်း။ (ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ)

ဖေဖော်ဝါရီ ၁၀ရက် နံနက် ၉နာရီ ၄၁ မိနစ်က နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာအနီး မတ်ပဲ စိုက်ခင်းအတွင်း ပျက်ကျသည့် တပ်မတော်ပိုင် လေယာဉ်ပေါ်ပါ တပ်မတော်အရာရှိ ငါးဦးတွင် လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့သည့် တပ်မတော် လေယာဉ် B 1900ပေါ်တွင် ဗိုလ်မှူး(၁)ဦး ၊ ဗိုလ်ကြီး(၂)ဦး၊ ဒုတပ်ကြပ်(၂) ဦး ပါဝင်ပြီး တစ်ဦးသာ အသက်ရှင်ခဲ့သည်။ 

အသက်ရှင်လျက်ကျန်ရှိသူ ဒုတပ်ကြပ် တစ်ဦးအား တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်ဟု သိရသည်။ 

လေယာဉ်မီးလောင်ကျွမ်းသည့် နေရာသို့ မီးသတ်ယာဉ် ၃စီးဖြင့် မီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

 

တပ်မတော်ပိုင်လေယာဉ် နေပြည်တော်တွင် ပျက်ကျမှုမြင်ကွင်း(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

Posted by Mizzima - News in Burmese on Tuesday, February 9, 2016

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly