တီဘီနှင့် အေအိုင်ဒီအက်စ်ကုသမှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် WHO နှင့် UNAIDS တို့ တိုက်တွန်း

တီဘီနှင့် အေအိုင်ဒီအက်စ်ကုသမှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် WHO နှင့် UNAIDS တို့ တိုက်တွန်း

မြန်မာနိုင်ငံတွင်းက တီဗီကုသမှုနှင့် အေအိုင်ဒီအက်စ်ကုသမှု ဝန်ဆောင်ပေးမှုများတွင် ပိုမိုပူးပေါင်းလုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO နှင့် ကုလသမဂ္ဂအေအိုင်ဒီအက်စ်ရုံး UNAIDS တို့က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်း တီဘီနှင့် အိတ်ချ်အိုင်ဗီရောဂါအခြေအနေနှင့် ပတ်သက်ပြီး WHO နှင့် UNAIDS တို့က အထူးသုံးသပ်မှု ပြုလုပ်ရာတွင် အိတ်ချ်အိုင်ဗီပိုးရှိသူတွင် တီဗီရောဂါပိုးဝင်ရောက်သည့် ရောဂါသည်များနှင့် ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ရမှု ဝန်ထုပ်ဝန်ပိုးများ လျှော့ချနိုင်ရေးအတွက် နှစ်ဖွဲ့စလုံးအနေဖြင့် ဖိစီးမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိတ်ချ်အိုင်ဗီနှင့် တီဘီရောဂါတိုက်ဖျက်ရေးတို့တွင် မြန်မာနိုင်ငံက တိုးတက်မှုများရှိနေကြောင်း၊ ၂၀၁၅ ထောင်စုနှစ်ပန်းတိုင်အရ အဆိုပါရောဂါ ပျံ့နှံ့မှုကို ရပ်တန့်တားဆီးရေးတွင် အောင်မြင်မှု ရှိကြောင်း အဆိုပါ သုံးသပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း တီဘီနှင့် အိတ်ချ်အိုင်ဗီ နှစ်မျိုးစလုံး ကူးစက်မှုများကို ဖြေရှင်းရေးအတွက်လည်း လုပ်ဆောင်လျက်ရှိနေသည်။

၂၀၁၄ ခုနှစ်၌ နိုင်ငံအတွင်း တီဘီကြောင့် သေဆုံးသူဦးရေမှာ ခန့်မှန်းခြေ ၃၂၀၀၀ ရှိပြီး ယင်းအနက် ၄၁၀၀ ဝန်းကျင်သည် တီဘီနှင့် အိတ်ချ်အိုင်ဗီ နှစ်မျိုးတွဲဖြစ်၍ သေဆုံးသည့် ဦးရေဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags