NLDပါတီမှ ဦးဝင်းထိန် နေပြည်တော်တွင် အရေးပေါ်ဆေးကုသမှုခံယူရ

NLDပါတီမှ ဦးဝင်းထိန် နေပြည်တော်တွင် အရေးပေါ်ဆေးကုသမှုခံယူရ
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၉)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်သည် နေပြည်တော်ရှိ ခုတင်တစ်ထောင်ဆံ့ဆေးရုံတွင် ဖေဖော်ဝါရီ၉ရက်၊ ညနေ ၄နာရီကစပြီး အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ဦးဝင်းထိန်သည် ၎င်းစားထားသည့် အစားအစာများ သုံးကြိမ်ခန့် ပြန်အန်သည့်အတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှတစ်ဆင့် ခုတင်တစ်ထောင်ဆံ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ဆေးရုံတွင်သွားရောက်သတင်းယူနေသည့် သတင်းထောက်တစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

“အခုထိတော့ ဆေးကုသမှုခံယူနေတုန်းပဲ။ မစိုးရိမ်ရဘူးလို့ ပြောတယ်” ဟု သွားရောက်သတင်းယူနေသည့် သတင်းထောက်က ပြောသည်။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်ပြီး ၂၀၁၅၊ နိုဝင်ဘာရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly