၂၀၁၆ သမ္မတရွေးပွဲတွင် နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ တစ်သီးပုဂလအနေဖြင့် ယှဉ်ပြိုင် အရွေးခံနိုင်

၂၀၁၆ သမ္မတရွေးပွဲတွင် နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ တစ်သီးပုဂလအနေဖြင့် ယှဉ်ပြိုင် အရွေးခံနိုင်

နယူးယောက်၊ ဖေဖော်ဝါရီ - ၉ ။              ။ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့က အမေရိကန်သမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ရာ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို သိသိသာသာ ပုံစံပြောင်းသွားစေမည့် လှုပ်ရှားမှုတစ်ခုအဖြစ် ယူဆနေကြသည်။

ပြင်းထန်ဗြောင်းဆန်နေပြီးသား ပြိုင်ပွဲထဲတွင် ဝင်ရောက်အရွေးခံမည့် အလားအလာနှင့် ပတ်သက်၍ မေးမြန်းသည့်အခါတွင် ဖြစ်နိုင်ခြေမှန်သမျှကို စေ့ငုလေ့လာနေကြောင်း မီဒီယာထိပ်သီးကြီးက Financial Times သတင်းစာသို့ ပြောကြားခဲ့သည်။

“သမ္မတလောင်းတွေ ဘာတွေပြောသလဲ၊ မဲဆန္ဒရှင်တွေက ဘယ်လိုသဘောရှိလဲဆိုတာကို နားစွင့်နေပါတယ်”ဟု ဘလွန်းဘာ့က ပြောကြားခဲ့ပြီး၊ အမေရိကန်တွေဟာ အများကြီးပိုကောင်းတာနဲ့ ထိုက်တန် ပါတယ်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။  

လက်ရှိ သမ္မတလောင်းများ၏ စကားစစ်ထိုးပွဲများကိုလည်း ဝေဖန်ခဲ့ရာ လက်ရှိ စကားဝိုင်းတွေက ဆီသည်မ လက်သုတ်ဝတ်လို ဖန်တရာတေနေပြီး မဲဆန္ဒရှင်တွေကို စော်ကားနေတာပဲဟု ဘလွန်းဘာ့က ပြောကြားခဲ့သည်။  

ဘလွန်းဘာ့မှာ ၎င်း၏ပါတီအပေါ် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်အောင်မြင်နေမှုနှင့် ဒီမိုကရတ် ဟီလာရီ ကလင်တန်က ပြိုင်ဘက် ဘာနီ ဆန်းဒါးကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်မှုများကို စိတ်ပျက်နေသောကြောင့် တစ်သီးပုဂလအဖြစ် ယှဉ်ပြိုင် အရွေးခံရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက နယူးယောက်တိုင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

CNN/WMUR၏ နောက်ဆုံး မဲရလဒ်များအရ နယူးဟမ့်ပရှိုင်းယားတွင် ထရန့်နှင့် ဆန်းဒါးက ဦးဆောင်နေသည်။ ဒီမိုကရတ်ဘက်ခြမ်းတွင်မူ အဓိကပြည်နယ်တွင် ဆန်းဒါးက ကလင်တန်ကို ဦးဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly