တူနီးရှားနိုင်ငံရှိ အပန်းဖြေကမ်းခြေတွင် အိုင်အက်စ်တို့တိုက်ခိုက်၍ နိုင်ငံခြားဧည့်သည်အများစုအပါအဝင် လူ ၃၉ ဦးသေဆုံး

တူနီးရှားနိုင်ငံရှိ အပန်းဖြေကမ်းခြေတွင် အိုင်အက်စ်တို့တိုက်ခိုက်၍ နိုင်ငံခြားဧည့်သည်အများစုအပါအဝင် လူ ၃၉ ဦးသေဆုံး

တူနီးရှားနိုင်ငံရှိ ဆော်စီအပန်းဖြေမြို့ ကမ်းခြေတွင် တိုက်ခိုက်မှုဖြစ်ရာနိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၃၉ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

စီစီတီဗီကင်မရာတွင် သံသယရှိသည့် သေနတ်သမားတစ်ဦး လမ်းပေါ် လဲကျသေဆုံးနေသည်ကို တွေ့ရှိသည်။

သေဆုံးသူများတွင် တူနီးရှားနိုင်ငံသားများ၊ ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်နိုင်ငံသားများနှင့် အိုင်ယာလန်နိုင်ငံ သားတစ်ဦးတို့လည်းပါဝင်ပြီး ယင်းတိုက်ခိုက်မှုကို အစ္စလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်တို့က ကျုးလွန်ကြခြင်းဖြစ်သည်။

မတ်လအတွင်းကလည်း တူးနစ်မြို့တော်ရှိ ပြတိုက်တစ်ခု တိုက်ခိုက်မှုဖြစ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်အများစုအပါအဝင် လူ ၂၂ ဦးသေဆုံးခဲ့သည်။

ဇွန် ၂၆ ရက်က ဖြစ်ပွားသည့် ယခုတိုက်ခိုက်မှုက မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့က ပြောသည်။

အိုင်အက်စ်ထောက်ခံသူများကိုလည်း ရမဇန်မွတ်စလင်ဥပုသ်လအတွင်း တိုက်ခိုက်မှုများလုပ်ဆောင်ကြရန် အိုင်အက်စ် တို့က ဆော်သြထားသည်။

တူနီးရှားဝန်ကြီးချုပ် ဟာဘစ်အီဆစ်က သေဆုံးသူအများစုက ဗြိတိန်နိုင်ငံသားဖြစ်သည်ဟု ပြောသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေ။

တိုက်ခိုက်မှုအတွင်း သေဆုံးသည့် ဗြိတိန်နိုင်ငံသားမှာ ငါးဦးရှိသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟာမွန်ကပြောခဲ့သည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ လာရောက်ကြည့်ရှုသည့် တူနီးရှားသမ္မတက လိုအပ်သည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly