အဆင့်မြင့်နည်းပညာသုံး တယ်လီဖုန်းကွန်ယက် ဖြန့်ကျက်ရန်အတွက် အူရီဒူးမြန်မာကို ADB နှင့် IFC ငွေချေး

အဆင့်မြင့်နည်းပညာသုံး တယ်လီဖုန်းကွန်ယက် ဖြန့်ကျက်ရန်အတွက် အူရီဒူးမြန်မာကို ADB နှင့် IFC ငွေချေး

ရန်ကုန်၊ဖေဖော်ဝါရီ ၈ ။               ။ အူရီဒူးမြန်မာ၏ လက်ရှိအခြေခံအဆောက်အအုံကွန်ယက်ကို အခြေမခံသည့် တတိယမျိုးဆက် အဆင့်မြင့်နည်းပညာသုံး မိုဘိုင်းတယ်လီဖုန်းကွန်ယက်ကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ဖြန်ကျက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)တို့က ဒေါ်လာ သန်း၃၀၀ ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့က ဒေါ်လာ သန်း၁၅၀စီ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း အာရှိဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေညာချက်အရသိရသည်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းချိတ်ဆက်နိုင်မှုသည် အနိမ့်ဆုံးဖြစ်နေပြီးနွမ်းပါသည့် လူမှုအသိုင်းအဝိုင်းနှင့် အမျိုးသမီးတွေအနေဖြင့် အရေးပါသည့် ဝန်ဆောင်မှုများကိုလက်လှမ်း အခွင့်အလမ်း နည်းပါးနေကြောင်း၊ ယင်းချေးငွေဖြင့် မိုဘိုင်းတယ်လီဖုန်း လုံးဝမရရှီသေးသည့်  မြန်မာ့လူဦးရေး၏ ၉၀ရာခိုင်နှုန်းကျော်ကို ချိတ်ဆက်နိုင်ရန်အတွက် မြန်မာအစိုးရ၏ ရည်မှန်းချက်ကို ပြည့်ဝစေမှာဖြစ်ကြောင်း ADBဘဏ်၏ ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းများဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး Christopher Thieme က ဆိုသည်။

အထူးသဖြင့်ဝင်ငွေနည်းသူများနှင့်အမျိုးသမီးများသည် မိုဘိုင်းဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမိနိုင်စေရန် ယခုကွန်ယက်ကို အခြေခံသုံးမည့် ဘဏ်၊စိုက်ပျိုးရေးနှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေးဆိုင်ရာ ပရိုဂမ်များကို လည်း အူရီဒူးမြန်မာကရေးသားရန် စီစဉ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံသားများအတွက် လက်လှမ်းမီသည့် ဝန်ဆောင်မှုဆိုင်ရာအခြေခံအဆောက်အအုံများကို တိုးချဲ့ရာတွင် IFC အနေဖြင့် စဉ်ဆက်မပြတ်အထောက်အကူပြုနေသည်ကို ယခုရင်းနှီးမြှုပ်နှံမှုက ထင်ဟပ်ဖော်ပြနေကြောင်း IFC မှဌာနေကိုယ်စားလှယ် Vikram Kumar ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly