သဲတူးခြင်းများကြောင့် ကမ်းခြေသဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်မှုများ မြင့်တက်

သဲတူးခြင်းများကြောင့် ကမ်းခြေသဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်မှုများ မြင့်တက်

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပွင့်လန်းလာခြင်းအတွက် သဲတူးခြင်းများ များပြားလာရာ ပင်လယ်ကမ်းခြေသဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းတို့ကို ခြိမ်းခြောက်မှုများ   မြင့်တက်နေကြောင်း Earth Island ဂျာနယ်တွင် ပညာရှင် Denise Hruby က ရေးသားသည်။

တိုက်ဆောက်ခြင်းများ၊ လမ်းခင်းခြင်းများနှင့် တံတားတည်ဆောက်ခြင်းများတွင် သဲကို အများအပြားတူးဖော်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် အာရှဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပွင့်လန်းလာခြင်းကြောင့် တရားမဝင်  သဲတူးခြင်းများ ရှိလာရပြီး မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးကြီးထွားလာလျက်ရှိသည့် ခရီးသွားလုပ်ငန်းတို့အတွက် ခြိမ်းခြောက်မှုများ ရှိလာနေသည်။

ယင်းသို့ ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက ငပလီကမ်းခြေတွင် အကြီးအကျယ်သဲတူးနေခြင်းများကို Denise က ထောက်ပြထားသည်။

ငပလီကမ်းခြေမှာ သဲတူးခြင်းများကြောင့် အလှပျက်ပြီး အခြားကမ်းခြေများမှာလည်း ယင်သို့ပင် သဲတူးခြင်းများရှိနေကြောင်း Denise က ရေးသားထားသည်။

သဲလိုအပ်ချက်သည် ကမ္ဘာတစ်လွှားတွင်လည်း ကြီးထွားနေကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွက် နှစ်စဉ် သဲတန်ချိန် ဘီလီယံ ၄၀ လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly