၂၀၀၇ ခုနှစ်အတွင်းက ရွှေတိဂုံဘုရားပေါ်တွင်ဝတ်ပြုဆုတောင်းခဲ့သည့်အမှု အတွက် ဒေါ်နော်အုန်းလှကို အလုပ်နှင့် ထောင်ဒဏ် ခြောက်လချမှတ်

၂၀၀၇ ခုနှစ်အတွင်းက ရွှေတိဂုံဘုရားပေါ်တွင်ဝတ်ပြုဆုတောင်းခဲ့သည့်အမှု အတွက် ဒေါ်နော်အုန်းလှကို အလုပ်နှင့် ထောင်ဒဏ် ခြောက်လချမှတ်
လက်ပံတောင်း စီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြသည့် ဗိုလ်ကြီး (ဟောင်း) နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအဝင် ငါးဦးကို ဒဂုံမြို့နယ်တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌ ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူများက ယင်းလုပ်ရပ်အပေါ် ကျေနပ်မှု မရှိဟုဆိုကာ အော်ဟစ်ကာ တရားရုံးရှေ့တွင် ပစ်လှဲကာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် ဇွန် ၂၆ ။    ။ ၂၀၀၇ ခုနှစ်၊ မေလအတွင်းဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအ ကျဉ်းသားများလွတ်မြောက်ရေး အတွက် ရွှေတိဂုံဘုရားပေါ်တွင်ဝတ်ပြုဆုတောင်းခဲ့သည့်ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးက ၂၀၁၅၊ ဇွန် ၂၆ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ခြောက်လကျခံစေရန်အမိန့်ချမှတ်လိုက် သည်။

ပြီးခဲ့သည့် ၂၀၀၇၊ မေ ၅ ရက်က ရွှေတိဂုံစေတီတော်၊ အင်္ဂါေထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားများလွတ်မြောက် ရေးအတွက် ဒေါ်နော်အုန်းလှအပါအဝင် ပြည်သူ ၅၀ ဝန်းကျင်ခန့် ကဝတ်ပြု ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ယင်းအချိန်ကရွှေတိဂုံစေတီတော်၏ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်တင့်က ဒဂုံမြို့မရဲစခန်းတွင် တရားလိုပြုတိုင်တန်း ခဲ့ခြင်းဖြစ် သည်။

ယင်းဖြစ်စဉ်ကို အမှုဖွင့်ပြီးခြောက်နှစ်ခန့်အကြာ ၂၀၁၃ ခုနှစ်အတွင်းက ဒဂုံမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ဒေါ်နော်အုန်း လှကိုအများပြည်သူ ကိုစိတ်အနှောင့်အယှက်ဖြစ်စေမှုပုဒ်မ ၂၉၆ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခြောက်လပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ် သည်ဟု အမှုကိုလိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးရောဘတ်စန်းအောင်က  " ဖြစ်တာက ၂၀၀၇၊ တရားစွဲဆိုတင်ပို့တာက ၂၀၁၃၊ ပြစ်ဒဏ်ချတာက ၂၀၁၅ ဆိုတော့ စုစုပေါင်း ၈ နှစ်ကြာပါတယ်၊ အစောပိုင်းတုန်းကတရားမစွဲဘဲ ခုချိန်ကျမှထလုပ်တာဆိုတော့ ရွေးကောက်ပွဲ အမှီတက်ကြွလှုပ်ရှားသူတွေ ကိုထောင်ထဲထည့်နေတဲ့သဘောပါပဲ၊ နောက်ပြီးဝတ်ပြူ ဆုတောင်းရုံနဲ့ပြစ်မှုကျူးလွန် သလား ဆိုတာကလဲ စဉ်းစားစရာပါပဲ။ " ဟု ဆိုသည်။

အမှုအတွက်တရားလိုပြသက်သေစုစုပေါင်း ၉ ဦးခန့်စစ်ဆေးခဲ့ပြီး ပြစ်မှုပုဒ်မ ၂၉၆ သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်မျိုးဖြစ်သည်ဟုလည်း ဦးရောဘတ်စန်းအောင် ကပြောသည်။

ဒေါ်နော်အုန်းလှသည် ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း လက်ပံတောင်းတောင် ပဋိပက္ခတွင် ဒေါ်ခင်ဝင်းသေနတ်မှန် သေဆုံးမှု၊ လက်ပံတောင်းအရေးတရုတ်သံရုံးရှေ့  ဆန္ဒဖော်ထုတ်မှုဖြင့် ဦးနေမျိုးဇင်အပါအဝင် ၅ ဦးနှင့်အတူ ဒဂုံမြို့နယ်တ ရားရုံး၌ပင် အလုပ်နှင့်ထောင်ဒဏ် လေးနှစ်နှင့်လေးလ ကျခံစေရန် အမိန့်ချမှတ်ခြင်းခံထားရပြီး အခြား အမှုများနှင့်လည်း တရားစွဲဆိုခြင်း ခံထားရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly