“Please Sanction MOGE” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၃၇ ရက်မြောက်ချီတက်

“Please Sanction MOGE” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၃၇ ရက်မြောက်ချီတက်

မေလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၃၇ ရက်မြောက် အဖြစ် ယနေ့ မေလ၂၁ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“Please Sanction MOGE” စာတန်းအား ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required