တနင်္သာရီမြို့နယ်တွင် စစ်ရှောင်စခန်း မီးရှို့ဖျက်ဆီးခံရ၍ ဒေသခံစစ်ရှောင်များ နေထိုင်ရေး ခက်ခဲနေ

By ကိုရွှေမြိတ်/မဇ္ဈိမ
21 May 2022
တနင်္သာရီမြို့နယ်တွင် စစ်ရှောင်စခန်း မီးရှို့ဖျက်ဆီးခံရ၍ ဒေသခံစစ်ရှောင်များ နေထိုင်ရေး ခက်ခဲနေ

တနင်္သာရီ၊ မေလ၊ ၂၁

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်နှင့်သာရဘွင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့က ယာယီစစ်ရှောင် စခန်းတစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံစစ်ရှောင် ပြည်သူ ၁၀,၀၀၀ နီးပါး နေထိုင်ရေး ခက်ခဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား မေလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ပြီး ယာယီစစ်ရှောင်စခန်းတစ်ခု ဖျက် ဆီးခံခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်) တပ်ရင်း -၂ ကွပ်ကဲရေး တာဝန်ခံထံမှသိရ သည်။

တကူကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက “ မိုးများတဲ့ ကျွန်တော်တို့ ဒေသမှာ အခုဆိုရင် တိုက်ပွဲကြောင့် စစ်ရှောင်ရတာ အများကြီး အခက်အခဲတွေ ဖြစ်နေပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ နေမကောင်း ဖြစ်ရင် အခြေအနေတော်တော်လေးကိုဆိုးဝါးနိုင်တဲ့ အနေအထားတွေရှိလာနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

“အခု လောလောဆယ်တော့ စစ်ရှောင်တွေအတွက် နေထိုင်ဖို့ အမိုးအကာ၊ ရိက္ခာနဲ့ ဆေးဝါးတွေအပြင် ကျန်မာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်) တပ် ရင်း -၂ မှ ကွပ်ကွဲရေးတာဝန်ခံကပြောသည်။

လက်ရှိအချိန်အထိ တနင်္သာရီမြို့နယ် တကူတိုက်နယ်နှင့် သာရဘွင်ကျေးအုပ်စုရှိ ခြောက်အိမ်စုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများထပ်မံပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားနေသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly