အရည်အသွေးညံ့ဖျင်းလှသည့် အခေါင်းများကြောင့် ကျူးဘား စျာပနများ သောကပွားနေကြရ

အရည်အသွေးညံ့ဖျင်းလှသည့် အခေါင်းများကြောင့် ကျူးဘား စျာပနများ သောကပွားနေကြရ

ဟာဗာနား၊ ဖေဖော်ဝါရီ - ၄ ။           ။ အခေါင်းတွေ ထက်ပိုင်းကျိုးသွားတဲ့အခါမှာတော့ ကျူးဘားသုဿာန်က လက်ထောက်သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မစ်ဂွယ် ပုန်းဟာ ကွဲကွာကျန်ရစ်သူတွေရဲ့ ဒါသကို နှစ်ပြေငြိမ်းစေဖို့ ခက်ခက်ခဲခဲကို ကြိုးစားနေရရှာပါတယ်။

ဟာဗားနားရဲ့ အထင်ကရ ခရစ္စတိုဖာ ကိုလံဘတ်စ် သုဿာန်က ဝတ်ပြုခန်းမထဲမှာ အသက် ၆၁နှစ် ရှိပြီဖြစ်တဲ့ ပုန်းဟာ ဈာပနအခန်းအနားကို ဘာသာရေးထုံးတန်းတွေ ပြုလုပ်ပေးရရုံမကဘဲ၊ အလောင်း ကအထဲမှာ ရှိနေတုန်းမှာ အခေါင်းကွဲကျမသွားဖို့အတွက် ပုခုံးနဲ့ပါ ဝင်ပြီး ကူထမ်းပေးနေရပါတယ်။

မခိုင်မာတဲ့ သစ်စိမ်းသားနဲ့ ပြုလုပ်ထားပြီး လက်ကိုင်မပါတဲ့ အခေါင်းတွေဟာ ကျောင်းတော်နဲ့ ကွန်မြူနစ်အစိုးရကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့ အပြန်အလှန် မယုံကြည်မှုကြောင့် နာလံမထူနိုင်သေးတဲ့ ကျူးဘားရဲ့ အစိုးရ ဈာပနဝန်ဆောင်မှုအတွက် ဝမ်းနည်းဖွယ်ရာ သင်္ကေတပဲ ဖြစ်ပါတယ်။

‘ကျုပ်ဟာ တစ်ခါတစ်ရံမှာ အပြင်ထွက်ပြီး လမ်းပေါ်မှာ ဝန်ဆောင်မှုပေးရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ယာဉ်မောင်းက ကျုပ်ကို ပြောတယ်။ ဖာသာ ကျနော်တို့ အခေါင်းကို အပြင်သယ်သွားလို့မရဘူး။ အလောင်းက လေးလွန်းတော့ အခေါင်း ကျွံကျမှာ စိုးရိမ်နေရတယ်’လို့ ပုန်းက ပြောပါတယ်။

ကျုူးဘားမှာတော့ ထူးခြားစွာပဲ ဈာပနကို နိုင်ငံတော်အစိုးရက အခမဲ့ဝန်ဆောင်မှု ပေးပါတယ်။ ဒါပေမယ့်လည်း လုံလုံလောက် ရင်းနှီးမြှုပ်နှံမှုမရှိဘဲ၊ အခေါင်းသစ်သားကိုလည်း ကောင်းကောင်း မသုံးတာကြောင့် ချို့ငဲ့နေတဲ့ လုပ်ငန်းလို့ပဲ ပြောရမှာပါ။

ချစ်ခင်ရသူတွေကို မြှုပ်နှံဖို့လာရောက်ကြတဲ့ မိသားစုဝင်တွေဟာ ခေါင်းတွေမှာ သံလည်းရိုက်မထား၊ အဝတ်စုတ်တွေနဲ့သာ လျော့တိလျော့ရဲ စည်းနှောင်ထားလို့ စိတ်ရှိလက်ရှိ ဝမ်းမနည်းနိုင်ဘဲ ခေါင်းကိုသာရင်တမမနဲ့ ကြည့်နေရတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်လေမှာ အခေါင်းက ချောင်နေတဲ့ ပြတင်းမှန်ဟာ အလောင်းပေါ်ကို ပြုတ်ကျတတ်ပါသေးတယ်။   
 ‘အဲဒီလိုအခါမျိုးမှာ လူတွေက ကျုပ်ကို ကြည့်ပါဦးဖာသာလို့ တိုင်တန်းလာကြတယ်။ ကျုပ်ကလည်း သိပ်ကို နာကျင်လိမ့်မယ်ဆိုတာ သိတာပေါ့။ ဒါပေမယ့် ကျုပ်တို့က ဘာတတ်နိုင်မှာတုန်းလို့ ပြန်ပြော ရတာပေါ့’’လို့လည်း ပုန်းက ပြောပါတယ်။ သက်ကြီးလူဦးရေ များပြားလှသည့် ကျူးဘားတွင် မြေချမှုများမှာ အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပြီး၊ ဘာသာရေးအဓိပ္ပာယ်များဖြင့် အတိပြီးနေသည်။

သမိုင်းဝင် ကိုလိုနီ ဝတ်ကျောင်းများကို ကျော်လွန်ကာ ကွယ်လွန်သူကို ဂုဏ်ပြုသည့် အာဖရိကအစဉ်အလာများမှာ ယခုတိုင် စွဲမြဲရှင်သန်နေဆဲပင် ဖြစ်သည်။ ထိုအလေ့အထက ရာစုနှစ်များစွာအလွန်က စပိန်အောင်နိုင်သူများက တင်သွင်းလာသည့် ကက်သိုလစ်ဝါဒနှင့် ရောနှောသွားသည်။

ကွန်မြူန်ဝါဒအောက်တွင်မူ ၁၉၇၆ခုနှစ်မှ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲ၍ လောကီရေးနိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည့် ၁၉၉၂ခုနှစ်အထိ တရားဝင်အားဖြင့် ဘာသာမဲ့နိုင်ငံတစ်ခုအဖြစ် အချိန်ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ရသည်။

၁၉၉၂ ခုနှစ်နောက်ပိုင်းတွင်မူ ဘုရားကျောင်းများ၏ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပြီး ကျူးဘားနိုင်ငံသားများမှာ ဈာပနအခန်းအနားများအတွက် ဝတ်ပြုခန်းများဆီသို့ တစ်ဖန် ခြေဦးပြန်လှည့် လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly