ဖားကန့်မြို့နယ် ဝှေခါဈေး၌ ဈေးလာဝယ်သည့် စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်နှင့် ရဲတပ်သား ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် ဝှေခါဈေး၌ ဈေးလာဝယ်သည့် စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်နှင့် ရဲတပ်သား ဖမ်းဆီးခံရ

မေ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝေခါဈေး၌ ဈေးလာဝယ်သည့် စစကောင်စီ လက်အောက်ခံ ရဲတပ်ရင်း (၃၀) မှ ဒုရဲအုပ်နှင့် အခြားအဆင့် ရဲတစ်ဦး ယနေ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးခံရမှုကြောင့် ဝှေခါစစ်ကောင်စီ တပ်စခန်း တာဝန်ရှိသူက ရပ်မိရပ်ဖများကို ခေါ်ယူကာ ယနေ့ မေလ ၂၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ပြဿနာ တက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးခဲ့ကြောင်းနှင့် လက်ရှိအချိန် အထိ ပြန်လွှတ်ပေးခြင်း ရှိ ၊ မရှိကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ မေလ ၂၀ ရက် မနက်က စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များကို ဝှေခါ လမ်းပိုင်းတွင် KIA တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့လယ်တွင် ဝှေခါမှော်အနီးရှိ မြန်မာ တကောင်း ကျောက်မျက် ကုမ္ပဏီဝင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

လက်ရှိ ဖားကန့် မြို့နယ် ဝှေခါဒေသတွင် စစ်ရေး တင်းမာနေပြီး ဝှေခါ စစ်ကောင်စီ တပ်စခန်းမှ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ဘက်သို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်

#KIA

#မြန်မာတကောင်းကျောက်မျက်ကုမ္ပဏီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required