တနင်္သာရီမြို့နယ်တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

By ကိုရွှေမြိတ်
21 May 2022
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီ၊ မေလ (၂၁)

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တကူတိုက်နယ်နှင့် သာရဘွင်ကျေးရွာ အရှေ့ကမ်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် သုံးရက်နီးပါးဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲတွင် မေလ ၂၀ ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ကြောင့် စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘက်မလိုက် ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

တကူကျေးရွာနေ ဒေသခံတစ်ဦးက “ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လက်နက်တွေနဲ့ အချက်ပေါင်းများစွာ ရွာတွေထဲကိုပစ်ပါတယ်။ ဒေသခံတချို့လည် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိနေ ပါတယ်”ဟု ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲသည် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှ စတင်တိုက်ပွ ဖြစ်ပွား ခဲ့ပြီး ညနေ ၃ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံမှ သိရ သည်။

စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၈၀ နီးပါးပစ်ခတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံ ပြည်သူ ၆,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

#Mizzima

#တနင်္သာရီမြို့နယ်

#ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

#တိုက်ပွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly