တနင်္သာရီမြို့နယ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကျဆုံး

တနင်္သာရီမြို့နယ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကျဆုံး

မေ ၂၁

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သာရဘွင် ကျေးရွာအုပ်စု ရွှေဒူးရွာ၌ မေလ ၁၉ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီး သတ်ဖြတ်မှုကြောင့် တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု Southern Warriors Defense Force (SWDF) အဖွဲ့ ခေါင်းဆောင် တစ်ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသူမှာ SWDF အဖွဲ့ ခေါင်းဆောင် ဦးဆေးတံ ဆိုသူ ဖြစ်ကြောင်း သိရ သည်။

“စစ်တပ်က ဦးဆေးတံကို ရက်ရက် စက်စက် သတ်လိုက်တာပါ သေနတ်နဲ့ ပစ်ပြီး ဦးခေါင်းကို ဖြတ်ပြီး ပစ်ထားခဲ့တယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်က ပြောသည်။

ယခု ရက်ပိုင်း အတွင်း ဖြစ်ပွား နေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က တကူတိုက်နယ်နေ စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#ရွှေဒူးရွာ

#တနင်္သာရီမြို့နယ်

#Southern Warriors Defense Force

# ဦးဆေးတံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required