မြောက်ကိုရီးယား၏ ဒုံးပစ်လောင်ချာ ရွေ့လျားနေသည်ကို တွေ့မြင်ရဟု ဂျပန်ရုပ်သံအစီရင်ခံ

မြောက်ကိုရီးယား၏ ဒုံးပစ်လောင်ချာ ရွေ့လျားနေသည်ကို တွေ့မြင်ရဟု ဂျပန်ရုပ်သံအစီရင်ခံ

တိုကျို၊ ဖေဖော်ဝါရီ ၄ ။            ။ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို တင်ထားသော မြောက်ကိုရီးယား၏ ရွေ့လျားဒုံးပစ်လောင်ချာကို အရှေ့ဘက်ကမ်းရိုးတန်းအနီးတွင် မြင်ရပြီး အနောက်ဘက် ကမ်းရိုးတန်း တွင်လည်း တာဝေးပစ်ဒုံးကျည်ပစ်စင်တစ်ခု၏ လှုပ်ရှားမှုကိုလည်း မြင်ရကြောင်း ဂျပန်အစိုးရရုပ်သံ NHK က ဖေဖော်ဝါရီ ၄တွင် အစီရင်ခံသည်။

မြောက်ကိုရီးယားက မြေကမ္ဘာလေ့လာရေးဂြိုဟ်တုဟု ခေါ်ဆိုသည့်အရာကို ပစ်လွှတ်မည်ဖြစ်ကြောင်း ပြုံယမ်းက ကုလသမဂ္ဂအေဂျင်စီများကို ယခုသီတင်းတွင် ပြောကြားပြီးနောက် မြောက်ကိုရီးယား အနေဖြင့် စီစဉ်ထားသော ဒုံးပျံပစ်လွှတ်မှုကို ဖျက်သိမ်းရန် မြောက်ကိုရီးအပါ် နိုင်ငံတကာ၏ ဖိအားကြီးမားလာသည်။

ဂျပန်က ၎င်း၏ ပိုင်နက်ကို ခြိမ်းခြောက်လာသည့် ဒုံးကျည်မှန်သမျှ ပစ်ချမည်ဟု ဂျပန်က အလေးအနက်ပြောကြားထားစဉ် တရုတ်ကလည်း နိုင်ငံတကာ၏ စိုးရိမ်မှုကို သံယောင်လိုက်ခဲ့သည်။ တရုတ်သည် ၎င်း၏ထိပ်တန်းအရာရှိတစ်ဦးကို ယခုသီတင်းပတ်မှာပင် မြောက်ကိုရီးယားသို့ စေလွှတ်ခဲ့သည်။

ယင်းကဲ့သို့ မြောက်ကိုရီးယားက လှုပ်ရှားနေကြောင်း အမည်မဖော်ပြသော သံတမန်ရင်းမြစ်များကို ကိုးကား၍ NHK ကဖော်ပြခဲ့ခြင်းဖြစ်သည်။ ပဲ့ထိန်းဒုံးကျည်တစ်ခုကို ဒုံးပစ်စင်ပေါ်တွင် ရှိနေခြင်းက ပစ်လွှတ်မှုပြုလုပ်ရန် ပြုံယမ်းက ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံမှုတွင် ဖော်ပြခဲ့သည်။ ဒုံးကျည်မှာ တာတို သို့မဟုတ် တာဝေးပစ်ဖြစ်ကြောင်း NHK ကမဖော်ပြပေ။

နိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ ဒေါင်ချန်ရီအခြေစိုက်စခန်းမှ ဖေဖော်ဝါရီ ၈မှ ၂၅အတွင်း ဒုံးကျည်တစ်စင်းပစ်လွှတ်ရန် စီစဉ်ထားကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly