တရုတ်နိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်များကို ရုပ်သိမ်းပေးရန် ဘင်္ဂလားဒေ့ရှ်ဒေသခံများ တောင်းဆို

တရုတ်နိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်များကို ရုပ်သိမ်းပေးရန် ဘင်္ဂလားဒေ့ရှ်ဒေသခံများ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပီရောဂျ်ပါခရိုင် မက်ဘာရီယာမြို့တွင် တာတမံတည်ဆောက်မှုကို ဟန့်တားခဲ့သည့် ဒေသခံ များကို အကြမ်းဖက်တိုက်ခိုက်မှုဖြင့် မဟုတ်မမှန်စွပ်စွဲထားသည်များကို ရုပ်သိမ်းပေးရန် မေ ၁၂ရက်က ဆန္ဒ ဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ဒေသခံများနှင့် တရုတ်အလုပ်သမားများ မေ ၁ရက်က ထိပ်တိုက်တွေ့ခဲ့ကြပြီး နောက်တွင် ဒေသခံများအား မဟုတ်မမှန် အမှုဖွင့်ခဲ့သဖြင့် လူအများက ကြောက်လန့်ထွက်ပြေးနေကြသည်။

နာရာယန်ဂန်မြို့ရှိ ပတ်လာရှိ 'Sachetan Nagarik Samaj' ဟူသော ဆိုင်းဘုတ်အောက်တွင် လူတန်းကြီးကို အများပြည်သူများက စောင့်ကြည့်ခဲ့ကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွင် လူပေါင်းရာနှင့်ချီ ပါဝင်ခဲ့သည်။

တိုက်ခိုက်သူများသည် ရန်လိုသော တရုတ်စီးပွားရေးစိတ်ဓာတ်ရှိသူများ ဟု ဒေသခံများက ခေါ်ဝေါ် သတ်မှတ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ၏ ဦးဆောင်မှုအောက်တွင် တိုင်းပြည်သည် ရှေ့သို့ တက်လှမ်း နေပြီဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံသားများက ပြဿနာများစွာ ဖန်တီးနေသော်လည်း ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးသည်အထိ ဒေသခံများက သည်းခံခဲ့သည်။

ဒေသခံများကို တိုက်ခိုက်ပြီးနောက် ၎င်းတို့အား မှားယွင်းစွာ အမှုဖွင့်ထားကြောင်း ဟောပြောသူများက ဆက်လက်ပြောကြားခဲ့သည်။

ယင်းအမှုကို ချက်ချင်းရုပ်သိမ်းရမည်ဖြစ်ပြီး အမှုမရုပ်သိမ်းပါက နောင်တွင် ပိုမိုပြင်းထန်စွာ လုပ်ဆောင်သွားမည် ဟုလည်း ၎င်းတို့က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required