Super Bowl ဘောလုံးပြိုင်ပွဲတွင် အမျိုးသားသီချင်း သီဆိုသွားမည့် လေဒီဂါဂါ

Super Bowl ဘောလုံးပြိုင်ပွဲတွင် အမျိုးသားသီချင်း သီဆိုသွားမည့် လေဒီဂါဂါ

ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါသည် ဖေဖောဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ှSuper Bowl ဘောလုံးပြိုင်ပွဲတွင် အမျိုးသားသီချင်းကို သီဆိုသွားမည်ဖြစ်သည်။

ကာလီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့  Levi’s အားကစားကွင်းတွင်  Carolina Panthers နှင့် Denver Broncos အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ဂါဂါသည်  “ The Star-Spangled Banner” တေးသီချင်းကို သီဆိုသွားမည်ဖြစ်ကြောင်း အမျိုးသား ဘောလုံးအဖွဲ့ချုပ်က အေပီသတင်းဌာကို ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

အမျိုးသားတေးသီချင်း သီဆိုနေစဉ် အော်စကာဆုရှင် မင်းသမီး မာလီမာတင်သည် အမေရိကန် သင်္ကေတ ဘာသာစကားဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။ Super Bowl 50 ပြိုင်ပွဲကို CBS ရုပ်သံမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ပထမပိုင်း နားချိန်ဖျော်ဖြေပွဲတွင် Coldplay နှင့် ဘီယွန်စေးတို့ကလည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်သည်။

လေဒီဂါဂါသည် ပြီးခဲ့သည့်လက “ American Horror Story: Hotel” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပြီး လာမည့်လတွင် ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲတွင်  “ The Hunting Ground” ဇာတ်ကားတွင် ပါဝင်သည့် ၎င်း၏တေးသီချင်း “ Till It Happens to You” ဖြင့် အကောင်းဆုံး မူရင်းတေးသီချင်းဆုအတွက် ရွေးချယ်သတ်မှတ်ခြင်း ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly