ဆိုမာလီတွင် ခရီးသည်တင်လေယာဉ် ပေါက်ကွဲအပေါက်ဖြစ်ပြီး အရေးပေါ်ဆင်းသက်

ဆိုမာလီတွင် ခရီးသည်တင်လေယာဉ် ပေါက်ကွဲအပေါက်ဖြစ်ပြီး အရေးပေါ်ဆင်းသက်

မိုဂါဒစ်ရူး၊ ဖေဖော်ဝါရီ ၃ ။           ။ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၂ ရက်နေ့နှောင်းပိုင်းက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ကာ ကိုယ်ထည်တွင် အပေါက်ဖြစ်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း မျက်မြင်များနှင့် တာဝန်ရှိသူများက ပြောသည်။

လေယာဉ်မှူးဖြစ်သူက ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ထင်ကြောင်းပြောသည်။ ကိုယ်ထည်အပေါက်ရာ ဓာတ်ပုံကို ကြည့်ပြီး လေကြောင်းပညာရှင်တစ်ဦးက ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခု ထပေါက်ကွဲရာမှ ပျက်စီးသည့် အပေါက်ရာဖြစ်ကြောင်းဆိုသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၇၄ ဦးလိုက်ပါလာသည့် ယင်းလေယာဉ်တွင် ယခုမတော်တဆဖြစ်ရပ်ကြောင့် လူနှစ်ဦး အနည်းငယ်ထိခိုက်မှုရှိခဲ့ပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ကာ အားလုံးကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဆိုမာလီလေကြောင်းတာဝန်ရှိသူ အလီမိုဟာမတ်က ပြောသည်။

အဆိုပါ လေယာဉ်သည် Daallo လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး အာဖရိကဦးချိုဒေသ Djibouti သို့ မိုဂါဒစ်ရှုူးလေဆိပ်မှ ဦးတည်ပျံသန်းစဉ် မိနစ်ပိုင်းအတွင်း ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ကာ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly