ကလိုင်နီအတွက် လီဗာပူး၏ ပေါင်၁၂.၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဆောက်သမ်တန်လက်ခံ

ကလိုင်နီအတွက် လီဗာပူး၏ ပေါင်၁၂.၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဆောက်သမ်တန်လက်ခံ

ဇွန် ၂၆၊ လီဗာပူး။         ။ ဆောက်သမ်တန်အသင်းမှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ကလိုင်နီအတွက် လီဗာပူးအသင်း မှပေါင် ၁၂.၅သန်းဖြင့်ကမ်းလှမ်းမှုကို ဆောက်သမ်တန်အသင်းမှ လက်ခံလိုက်ပြီဟု ဒေးလီးမေးလ် နှင့် တယ်လီဂရပ် သတင်း စာများတွင်ဖော်ပြထားသည်။

လီဗာပူးအသင်း၏ ကလိုင်နီအတွက် ကနဦးကမ်းလှမ်းမှု ပေါင် ၁၀သန်းကို ဆောက်သမ်တန်အသင်းက ငြင်းပယ်ခဲ့ သည့်အတွက် ထပ်မံတိုးမြှင့်ကမ်းလှမ်းမှု ပေါင် ၁၂.၅ သန်းကို ဆောက်သမ်တန်အသင်းက လက်ခံခဲ့ခြင်းဖြစ်သည်။

အသက် ၂၄နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို ယခုနှစ်နွေရာသီအပြောင်း အရွှေ့ကာလအတွင်း ဥရောပထိပ်တန်း ကလပ်အသင်း ခြောက်သင်းခန့်ကစိတ်ဝင်စားနေပြီး လီဗာပူးက လက်ဦးမှု ရယူနိုင်ခဲ့ကာ ဆေးစစ်မှုအောင်မြင်ပါက လာမည့် ရက်သတ္တပတ်အတွင်း ငါးနှစ်စာချုပ်ရန် စီစဉ်ထားသည်။ ကလိုင်နီမှာ အပြောင်းအရွှေ့ကာလအတွင်း ဖာမီနို၊ ဂျိမ်းစ်မီလ်နာ၊ ဒန်နီအင့်၊ ဘိုဒန်၊ ဂိုမက်ဇ် တို့ပြီးနောက် လီဗာပူးသို့ခြောက်ယောက်မြောက် ရောက်ရှိလာသော ကစားသမားလည်းဖြစ်သည်။

လီဗာပူးအသင်းသည် အသင်း၏ဝါရင့်နောက်ခံလူ ဂလင်းဂျွန်ဆင် ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့်ပြုပြီးနောက် အစားထိုးရန် ကလိုင်နီကိုခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။ ကလိုင်နီအနေဖြင့် လီဗာပူးအသင်းတွင် ဆောက်သမ်တန် ကစားဖော်ဟောင်းများဖြစ်သော လယ်လာနာ၊ လိုဗရန်၊ လမ်းဘတ်တို့နှင့် ပြန်လည်ပူးပေါင်းရမည်ဖြစ်သည်။

လီဗာပူးအသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်အတွင်း ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကိုခေါ်ယူရန်ကြိုးပမ်းနေပြီး အက်စတွန် ဗီလာတိုက်စစ်မှူး ဘန်တီကီ၊ ဆီဗီလာတိုက်စစ်မှူး ဘာကာ နှင့် ဇင်းနစ်တိုက်စစ်မှူး ရွန်ဒွန် တို့ကိုစိတ်ဝင်စားနေသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly