ချောင်ဘူရီ ၃-၂ ရန်ကုန်ယူနိုက်တက် (အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပွဲပြီးရလဒ်)

ချောင်ဘူရီ ၃-၂ ရန်ကုန်ယူနိုက်တက် (အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပွဲပြီးရလဒ်)
ချောင်ဘူရီအသင်းနှင့် ရန်ကုန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ချောင်ဘူရီကလပ်)

ယခုနှစ် ၂၀၁၆ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကစားသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းကလပ် ချောင်ဘူရီအသင်းကို ပွဲချိန်မိနစ် ၉၀ အတွင်း နှစ်ဂိုးစီသရေဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း အချိန်ပိုတွင် ချောင်ဘူရီအသင်းက ပြစ်ဒဏ်ဘောမှတဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီး၌ ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲတွင် ရန်ကုန်အသင်းအတွက် ဂိုးများကို မာဆယ်လိုနှင့် ကျော်ကိုကို တို့မှ သွင်းယူနိုင်ခဲ့သော်လည်း နောက်ခံလူ ဇော်မင်းထွန်း (နှစ်ဝါတစ်နီ) သန်းထိုက်အောင် (တိုက်ရိုက်အနီကတ်) ပြစ်ဒဏ်တို့ ထိမံခဲ့ပြီး ချောင်ဘူရီအသင်းအတွက် အနိုင်ဂိုးများကို ဒေါ့ဆန်းတို့စ်၊ ဆက်တင်နင် နှင့် ကော်ရာကော့ တို့မှ သွင်းသူနိုင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly