ဆီးနှင်းများ ဆိုးဆိုးဝါးဝါးကျဆင်း၍ ကွမ်ကျို့ဘူတာတွင် လူ တစ်သိန်းနီးပါး သောင်တင်

ဆီးနှင်းများ ဆိုးဆိုးဝါးဝါးကျဆင်း၍ ကွမ်ကျို့ဘူတာတွင် လူ တစ်သိန်းနီးပါး သောင်တင်

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ။        ။ တရုတ်နိုင်ငံတောင်ပိုင်းတွင် ဆီးနှင်းများ ပြင်းထန်ဆိုးဝါးစွာကျဆင်းနေခြင်းကြောင့် ရထားဘူတာရုံတစ်ရုံတွင် လူပေါင်းထောင်သောင်းပေါင်းများစွာ   သောင်တင်လျက် ရှိနေကြောင်း ရဲဌာနက ပြောသည်။

ကွမ်ကျို့ဘူတာရုံအပြင်ဖက်တွင် လူများသောင်တင်လျက်ရှိကာ တိုးဝှေ့လျက်ရှိကြပြီး ဖေဖော်ဝါရီ ၁ ရက်နေ့က အဆိုးဆုံးဖြစ်ကာ လူအုပ်ကြီးမှာ တစ်သိန်းနီးပါးရှိခဲ့ကြောင်း ရဲက ပြောသည်။

တရုတ်နိုင်ငံအတွင်း နှစ်များစွာ၌ အအေးဆုံးရာသီဥတုကို ကြုံတွေ့နေရသည်။

နှင်းဆိုးဝါးစွာကျဆင်းခြင်းသည် တရုတ်နှစ်သစ်ကူးအခါသမယနှင့်လည်း တိုက်ဆိုင်နေသည်။ ယင်းနှစ်သစ်ကူးကာလတွင် နေရပ်ပြောင်းရွှေ့အလုပ်သမားများက မိသားစုများနှင့် တွေ့ဆုံရေးအတွက် အိမ်ပြန်ရန် ခရီးထွက်ခွာလျက်ရှိခြင်းဖြစ်သည်။

တရုတ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရထားခရီးစဉ်များစွာ ဆီးနှင်းကြောင့် နှောင့်နှေးမှုများဖြစ်ပြီး တောင်ပိုင်းတွင်လည်း ခရီးစဉ်များ ပြေးဆွဲနိုင်ခြင်းမရှိ၍ ခရီးသည်များ သောင်တင်နေရသည်။

ယနေ့ ဖေဖော်ဝါရီ ၂ ရက်အထိ ကွမ်ကျို့ဘူတာရုံအပြင်ဖက်တွင် သောင်တင်လျက်ရှိနေသည့် ခရီးသည်ပေါင်းမှာ ၅၀၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly