ပုသိမ်ကြိုးတံတားအနီး ဆိုင်ခန်းများ ဖယ်ခိုင်းကာ ဆီဆိုင် နှင့် ဟိုတယ်ဆောက်ရန် စီစဉ်မှု ဝန်ကြီးချုပ်ထံတိုင်စာပို့

ပုသိမ်ကြိုးတံတားအနီး ဆိုင်ခန်းများ ဖယ်ခိုင်းကာ ဆီဆိုင် နှင့် ဟိုတယ်ဆောက်ရန် စီစဉ်မှု ဝန်ကြီးချုပ်ထံတိုင်စာပို့

ပုသိမ်၊ ဖေဖော်ဝါရီ ၂ ။           ။ ပုသိမ်မြို့၊ ကြိုးတံတားအနီး ဆိုင်ခန်းများအား ဖျက်ခိုင်းကာ ပုဂ္ဂလိက ဆီဆိုင်နှင့် ဟိုတယ် ဆောက်လုပ်ရန် စီစဉ်သည့်အတွက် ဆိုင်ခန်းရှင်များက ဧရာဝတီတိုင်း   ဒေသကြီး ဝန်ကြီးချုပ်ထံသို့ ဖေဖော်ဝါရီ ၂ရက် ရက်စွဲဖြင့် ကန့်ကွက်စာပေးပို့ခဲ့သည်။

တိုင်ကြားစာတွင် သိမ်းဆည်းလယ်ယာမြေများကို အမည်ပေါက်တောင်သူများသို့ ပြန်လည်ခံစားခွင့်မပေးဘဲ စီးပွားရေးလုပ်ငန်းရှင်များအမည်ဖြင့် ဂရန်အမည်ပေါက် ချထားခဲ့ကြောင်း၊ တံတားဘေးရှိ ဆိုင်များကို ဖျက်ခိုင်းခြင်း၊တံတားချဉ်းကပ်လမ်းတိုင်များ နုတ်ခြင်း၊ တံတားလုံခြုံရေးရဲကင်းကို နေရာရွှေ့ခြင်းများပြုလုပ်ကြောင်း ဝန်ကြီးချုပ်ထံတိုင်ကြားထားသည်။

"ကျွန်မတို့ဆိုင်တွေကို အတင်းလာဖျက်ခိုင်းတယ်။ ဆိုင်တွေရှေမှာမြေတွေလာပြီး ပုံထားတာတွေလုပ်တယ်။ မဖျက်ပေးရင်ခြံခတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေကို ဦးစီး စီဟန်ဆိုတဲ့သူက လာလုပ်နေတယ်။ အခု ဆိုင်ရှင်တွေက ဝန်ကြီးချုပ်ဆီ ကန့်ကွက်စာပို့ထားတယ်"ဟု ကြိုးတံတားအနီးမှ ဆိုင်ရှင် ဒေါ်တင်မို့မို့က မဇ္ဈိမကို ပြောသည်။

၂၀၀၃ ခုနှစ်က လယ်မြေ ၄ဧက သိမ်းခံရ သူဦးစိုးမြင့်ကလည်း "အရင် ဒီလယ်တွေက ကြိုးတံတား ဆောက်မယ်ဆိုလို့ အသိမ်းခံရတယ်၊ ဘာလျော်ကြေးမှလည်း မပေးဘူး။ အခု လယ်သမားနှစ်ဦးပိုင် လယ်တွေပါ။ မနှစ်ကလည်း ကျွန်တော် သမ္မတနဲ့ ပြည်ထဲရေးတိုင်ထားတယ်။ အခု ကျွန်တော်တို့လယ်တွေကို စီးပွားရေးသမားတွေ လာသိမ်းသလိုဖြစ်နေတယ်" ဟု ပြောသည်။

ပုသိမ်ကြိုးတံတား ဆောက်လုပ်ရန် လယ်မြေများနှင့် ဥယျာဉ်များအား ၂၀၀၃ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး၊၂၀၁၆ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းတွင် ပုဂ္ဂလိက ဆီဆိုင်နှင့် ဟိုတယ်ဆောက်လုပ်ရန် လုပ်ငန်းရှင်များမှ မြေဖို့ခြင်းများ လာရောက်ပြုလုပ်ကြောင်း ဒေသခံများပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly