ဗီယက်နမ်က ၂၀၂၀ တွင် ဖွံ့ဖြိုးမှုနှုန်းမြင့်တင်ရန် ရည်မှန်း

ဗီယက်နမ်က ၂၀၂၀ တွင် ဖွံ့ဖြိုးမှုနှုန်းမြင့်တင်ရန် ရည်မှန်း

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂ ။          ။ ၂၀၂၀ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ် ပျမ်းမျှစီးပွားရေးဖွံ့ဖြိုးနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ရည်မှန်းထားပြီး နိုင်ငံအား တိုးတက်သည့် စက်မှုနိုင်ငံအဖြစ်သို့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၁၂ ကြိမ်မြောက် အမျိုးသားပါတီ၏ ညီလာခံက ဆုံးဖြတ်သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ကိုးရက်ကြာ အမျိုးသားညီလာခံအပြီးတွင် အတည်ပြုထုတ်ပြန်သည့် ဆုံးဖြတ်ချက်က လူမှုစီးပွားဖွံ့ဖြိုးမှုများကို ပစ်မှတ်ထားသကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးကိုလည်း အာရုံစိုက်ထားသည်။ ယင်းဆုံးဖြတ်ချက်လမ်းညွန်သည် လာမည့်ငါးနှစ်အတွက် ပတီသစ်နှင့် အစိုးရသစ်ခေါင်းဆောင်များအတွက် အထူးအလုပ်တာဝန်များလည်း ဖြစ်လာ မည်ဖြစ်သည်။

ညီလာခံဆုံးဖြတ်ချက်အရ ပြည်တွင်းတစ်ဦးချင်းဝင်ငွေကို ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၀၁၉ ရှိခဲ့ရာမှ ၂၀၂၀ တွင် ၃၅၀၀ အထိ တက်လာရန်လည်း မျှော်လင့်ထားသည်။

ထိုပြင်ပါတီက မြို့ပြအလုပ်လက်မဲ့နှုန်းထားကို ၄ ရာခိုင်နှုန်းအောက်သာရှိနေရန်နှင့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကျန်းမာရေးအာမခံလွှမ်းခြုံနိုင်ရေးကိုလည်း အစီအစဉ်ချမှတ်ခဲ့သည်။

မြို့နေလူထု ၉၅ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူထု ၉၀ ရာခိုင်နှုန်း သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေးအတွက်လည်း လုပ်ဆောင်မည်ဖြစ်ဖြစ်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။

အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံတော်ဘတ်ဂျတ်လေလွင့်မှုများနှင့် ဗျူရိုကရေစီစနစ်များကို တိုက်ဖျက်ရေးကိုလည်း မြှင့်တင်သွားမည်ဖြစ်သလို ထိရောက်သည့် နိုင်ငံရေးစနစ်ကိုလည်း အသက်သွင်းသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly