ယခုနှစ်အတွင်း မြန်မာ့စျေးကွက်၌ အော်ရီဒူးက ဒေါ်လာသန်း ၃၅၀ ရင်းနှီးမြုပ်နှံမည်

ယခုနှစ်အတွင်း မြန်မာ့စျေးကွက်၌ အော်ရီဒူးက ဒေါ်လာသန်း ၃၅၀ ရင်းနှီးမြုပ်နှံမည်

အော်ရီဒူးက ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပို၍ ရင်းနှီးမြုပ်နှံ သွားမည်ဖြစ်ကြောင်း အော်ရီဒူးမှ မြန်မာနိုင်ငံ ရုံးယူနစ် အကြီးအကဲက ပြောသည်။

အော်ရီဒူးအနေဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လျက်ရှိသော်လည်း ဈေးကွက်ရရှိမှုက နည်းပါးနေသေးသည်။ ဈေးကွက် ပို၍ ချည်းကပ်နိုင်ရန် လက်ရှိ၌ မဟာဗျူဟာ တစ်ရပ် ဖော်ဆောင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မြန်မာအော်ရီဒူးရုံး အမှုဆောင်အရာရှိချုပ် Rene Meza က ပြောသည်။

အော်ရီဒူးသည် ပြည်တွင်းတွင် နော်ဝေမှ တယ်လီနောနှင့် ဈေးကွက်ကို ဦးဆောင်လျက်ရှိ သော နိုင်ငံပိုင် MPTတို့နှင့် ဈေးကွက် ယှဉ်ပြိုင်နေရခြင်း ဖြစ်သည်။

"ရင်းနှီးမြုပ်နှံမှုမှာ ကျွန်တော်တို့ လျှော့ချဖို့ မရှိဘူး။ မြန်မာနိုင်ငံတွင်းမှာ ဆက်လက် ခိုင်မာစွာ ရင်းနှီးမြုပ်နှံသွားမှာပဲ ဖြစ်ပါတယ်" ဟု Meza က ပြောသည်။

ဈေးကွက်လျင်မြန်စွာ ဖွံ့ဖြိုးလျက်ရှိသည့် အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာလိမ့် မည်ဆိုသော မေးခွန်းများအတွက် ယခုနှစ်၌ မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြုပ်နှံ ဖို့ရှိကြောင်း၊ ၂၀၁၄ ခုနှစ် မြန်မာ့ဈေးကွက်သို့ ဝင်ရောက်ချိန်မှစကာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရင်းနှီးမြုပ်နှံလာခြင်းဖြစ်ကြောင်း ပြောပြီး "ဒီမေးခွန်းအတွက်က ဒါက ကျွန်တော်ရဲ့ အဖြေပါပဲ" ဟု ၎င်းက ပြောသည်။

ပြည်တွင်းတွင် MPT ဖုန်းလိုင်းသုံးစွဲသူ အရေအတွက်သည် ၁၈ သန်းရှိပြီး တယ်လီနော သုံးစွဲသူမှာ ၁၂ သန်း ရှိသည်။ ထိုသို့ ကွာဟချက်ကို ဖြေရှင်းရန်အတွက် အော်ရီဒူး အနေဖြင့် ဈေးလျှော့ ဝန်ဆောင် မှုပေး ခြင်းများ ဆောင်ရွက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းက 1MB လျှင် တစ်ဆယ်ကျပ်နှုန်း ကောက်ယူ နေရာမှ ခြောက်ကျပ်နှုန်းအထိ လျှော့ချပြီး ၎င်း၏ နက်ဝက်များကိုလည်း တိုးချဲ့ခဲ့သည်။

"ကျွန်တော်တို့ မြန်မာ့ဈေးကွက်ကို ထုနဲ့ထည်နဲ့ စတင် ဝင်ရောက်နိုင်ခဲ့တာ မဟုတ်ဘူး။ ပြောရ မယ်ဆိုရင် ဈေးကွက်က အမြန်ဖွံ့ဖြိုးနေတာပါ။ တရားဝင်ဈေးကွက် ဝင်ရောက်ဖို့အရေးမှာ ကျွန်တော် တို့က တစ်နှစ် နှောင့်နှေးခဲ့ရတယ်။ ဒါကြောင့်ပဲ လက်ရှိဈေးကွက်မှာ ကျွန်တော်တို့ ပြတ်ကျန်နေရ တယ်" ဟု ပြီးခဲ့သည့်နှစ်က စီအီးအိုတာဝန်ယူခဲ့သူ Meza က ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းသုံးစွဲမှု ၆၀ ရာခိုင်နှုန်း ရှိသော်လည်း အရှေ့တောင်အာရှ အခြားသော နိုင်ငံများထက် နည်းပါးနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly