အယူသည်းသော ထိုင်း လူရုပ်များကို အရူးအမူး စွဲလန်းလျှက် ရှိ

အယူသည်းသော ထိုင်း လူရုပ်များကို အရူးအမူး စွဲလန်းလျှက် ရှိ

ကံကောင်းဆိုယ်ဆိုတဲ့ အယူသည်းမှုနဲ့ လူနဲ့တထပ်တည်းတူတဲ့ စက်ရုပ်ကလေးတွေအပေါ် ရူးသွပ်စွဲလန်းမှုဟာ ထိုင်းနိုင်ငံတစ်ခွင်လုံးကို ပျံ့နှံ့ လွှမ်းမိုးနေပြီး ဒါဟာ အာဏာသိမ်းပြီးလို့ နှစ်နှစ် အကြာမှာ စွဲမြဲလာနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးအပေါ် ပြည်သူလူထုရဲ့ စိုးရိမ်သောကကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခု အတွင်းမှာ အလျင်အမြန် ခေတ်မီတိုးတက်လာခဲ့ပေမယ့်လည်း လူများစုကတော့ အယူသည်းနေကြ ဆဲဖြစ်ပြီး၊ သူတို့ရဲ့ ယုံကြည်မှုတွေဟာလည်း သဘာဝလွန်၊ ဗေဒင်၊ မှော်စုန်းတွေနဲ့ ဒွေးရောယှက်တင် ဖြစ်နေခဲ့ပါတယ်။

‘အခြားသူတွေရဲ့ မျက်လုံးတွေထဲမှာ ငါ ဒါကို မြင်နိုင်တယ်။ တချို့က ဘာလို့ ငါ ဒီအရုပ်ကို သယ်သွားနေတာလဲလို့ စဉ်းစားကောင်း စဉ်းစားမယ်။ ငါ ဂရုမစိုက်ဘူး’ ဟု ထိုင်းလို ချမ်းသာကလေး ဟု အဓိပ္ပာယ်ရသည့် Nong Ruay Jung အရုပ်ကို ၈ လကြာအောင် ဆောင်ထားနေခဲ့သည့် ၄၅ နှစ်အ ရွယ် နတ်ဆူဒါ ဂျန်တင်က ပြောကြားခဲ့ပါတယ်။

Look thep (ဒါမှမဟုတ်) ကလေးနတ်သမီးလို့ခေါ်တဲ့ သက်ရှိ ကလေးအရွယ်အစား ပလပ်စ တစ် အရုပ်ကလေးတွေဟာ တန်ဖိုး ဒေါ်လာ ၄၀ ကနေ ဒေါ်လာ ၈၀၀ ကြားအထိ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီအရုပ်တွေကို ဆောင်ထားသူတွေဟာ စိတ်ကျန်းမာရေး ချွတ်ယွင်းနေသူတွေတော့ လည်း မဟုတ်ကြပါဘူး။

ဒီအရုပ်ဆောင်သူတွေဟာ သူတို့ရဲ့ အရုပ်တွေအပေါ်မှာ ဘယ်လောက်အထိ ဂရုစိုက်သလဲဆို ရင် အရုပ်တွေကို တကယ့် သက်ရှိကလေးတွေလို သဘောထားကြပါတယ်။ မြင့်မြတ်သော ဝိဉာဉ် ဝင်စားပြီး ကံကောင်းခြင်းတွေ ဆောင်ကျဉ်းလာဖို့ မျှော်လင့်ချက်နဲ့ အရုပ်တွေကို ကောင်းချီးပေးဖို့ ဘုန်းကြီးတွေဆီ ယူဆောင်သွားလေ့ ရှိကြတယ်လို့ ဆိုပါတယ်။

‘ငါ့ဘဝဟာ အများကြီး ပြောင်းလဲသွားခဲ့တယ်။ ကောင်းလည်းကောင်းသွားခဲ့တယ်။ သူမကို ပွေ့ဖက်လိုက်တိုင်းမှာ ချစ်ခြင်းမေတ္တာကို ခံစားရတယ်။ အမြဲတန်း ချစ်သွားမယ်လို့ သူမကို ငါပြောနေတယ်’’ လို့ လက်ရှိ အလှပြင်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ထားပြီး သမီးနှင့်အတူ နေနိုင်နေသည့် ဂျန်တက်တင်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly