ထိုင်းလူမှောင်ခိုမှုနှိမ်နှင်းရေး၌ လူပေါင်း ၁၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခဲ့

ထိုင်းလူမှောင်ခိုမှုနှိမ်နှင်းရေး၌ လူပေါင်း ၁၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခဲ့

ထိုင်းနိုင်ငံအတွက် ဒေါ်လာဘီလီယံချီ ဝင်ငွေလမ်းဖြောင့်နေစေသည့် ငါးလုပ်ငန်းနယ်ပယ်၌ လူမှောင်ခိုကူးမှုများ ရှိနေခြင်းအတွက် ဥရောပသမဂ္ဂက ဆန့်ကျင်သပိတ်မှောက်မည် ခြိမ်းခြောက်ထား စဉ်မှစကာ လူမှောင်ခိုမှု တိုက်ဖျက်ရေးများ လုပ်ဆောင်လာခဲ့ရာတွင် ဖမ်းဆီးမိထားသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအား လူမှောင်ခိုမှုနှင့် ပတ်သက်ကာ အီးယူက အဝါရောင်အဆင့် သတိပေးပြီး တရားမဝင်ငါးဖမ်းလုပ်ငန်းများနှင့် ယင်းငါးဖမ်းလုပ်ငန်းများတွင် အလုပ်သမားများအား အလွဲသုံးစားဆက်ဆံနေခြင်းများအား ထိုင်းအာဏာသိမ်းစစ်အစိုးရအနေဖြင့် မဖြိုခွင်းပါက ပင်လယ်စာပို့ကုန်အားလုံးကို သပိတ်မှောက်ပိတ်ပင်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ထိုင်းနိုင်ငံ၏ လူမှောင်ခိုဖြိုခွင်းမှု၌ တိုးတက်မှုများကို အကဲဖြတ်ရန် ဘရပ်ဆဲလ်မှ ကိုယ်စားလှယ် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော်လည်း ထိုင်းပင်လယ် စာပို့ကုန်များအား သပိတ်မှောက်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မည်သို့မျှ ပြောဆိုသွားခြင် းမရှိပေ။ အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် ပင်လယ်စာတင်ပို့မှု ပိတ်ပင်ခံရပါက တစ်နှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံမျှ အထိနာရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် တတိယအကြီးဆုံး ပင်လယ်စာတင်ပို့သည့် နိုင်ငံဖြစ်သည်။ မြန်မာ နှင့် ကမ္ဘောဒီးယားတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ လုပ်အားခပေးနည်းပါးသည့် အလုပ်သမားများ အင်အားနှင့် အလွန်အကျွံငါးဖမ်းယူမှုများဖြင့် ယင်းနေရာတွင် ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း လူ့အခွင့် အရေးအဖွဲ့များက ပြောကြသည်။

အီးယူ၏ အဝါရောင်အဆင့် သတိပေးပြီးနောက်ပိုင်း အလုပ်သမားများအပေါ် အလွဲသုံးစား လုပ်မှုနှင့် မှောင်ခိုကုန်ကူးမှုများဖြင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ငါးဖမ်းသ င်္ဘောများနှင့် စက်ရုံများမှ အလွဲသုံးစားလုပ်ခံ အလုပ်သမား ၁၃၀ ဝန်းကျင်ကို လွတ်မြောက် စေခဲ့ကြောင်း ရဲဌာနစာရင်းဇယားများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly