ခုတ်မောင်းလာနေသည့် ရထားရှေ့selfie ရိုက်ချင်သည့် ဆယ်ကျော်သက် ရထားကြိတ်ကာ သေဆုံး

ခုတ်မောင်းလာနေသည့် ရထားရှေ့selfie ရိုက်ချင်သည့် ဆယ်ကျော်သက် ရထားကြိတ်ကာ သေဆုံး

အိန္ဒိယနိုင်ငံတွင် ခုတ်မောင်းလာနေသည့် ရထားရှေ့နားခန့်မှနေ၍ selfie ဆက်ဖီရိုက်ရန် လုပ်သည့် ဆယ်ကျော်သက်တစ်ဦး ရထားကြိတ် သေဆုံးကြောင်း ရဲဌာနက ဖေဖော်ဝါရီ ၁ ရက်က ပြောသည်။

ချန်နိုင်းမြို့တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း၌ ယင်းလူ ငယ်က အပေါင်းအသင်းသူငယ်ချင်းများနှင့် အတူလာစဉ် ရထားခုတ်မောင်းလာနေသည့် သံလမ်း ပေါ်တက်၍ ရထားရှေ့ ဆက်ဖီရိုက်ဖို့လုပ်ရာမှ ခဏချင်းတွင်း ရထားတိုက်ကာ ၎င်းအား ဖြတ်ကြိတ် သွားခြင်း ဖြစ်သည်။

"တကယ့်ကို ရူးနှမ်းတဲ့ အဖြစ်အပျက်ပါပဲ။ ဒီလိုပဲ လူငယ်လူရွယ်တော်တော်များများက ခုလို ဆက်ဖီရိုက်ရင်း မတော်တဆမှုတွေ ဖြစ်ကြတယ်။"ဟု ရထားဌာနအရာရှိက အေအက်ဖ်ပီ သတင်းဌာန သို့ ပြောသည်။

ရထားကြိတ်ခံရကာ သေဆုံးသည့် ဆယ်ကျော်သက်လူငယ်မှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး ယင်းနေ့က တိရစ္ဆာန်ရုံသို့ သွားရောက်လည်ပတ်ပြီး အပြန်တွင် ၎င်းဖြစ်ရပ်ပေါ်ပေါက်ခြင်းဖြစ်သည်။

ထိုလူငယ်က ရထားလမ်းပေါ်တက်ကာ ခုတ်မောင်းလာသည့် ရထားနှင့် နီးနိုင်သမျှ အနီးမှ ရထားရှေ့ ဆက်ဖီရိုက်နိုင်ရန် စောင့်ပြီး ဆက်ဖီရိုက်ဖို့ လုပ်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ယခုဖြစ်ရပ်မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းကလည်း မွမ်ဘိုင်းမြို့၌ ဆက်ဖီရိုက်ရန် လုပ်ရာမှ ပင်လယ်တွင်း ကျသွားသည့် မိန်းကလေးတစ်ဦးအား ကယ်ဆယ်ရာမှ လူတစ်ဦး ရေနစ် သေဆုံး     ခဲ့ပြီးနောက် အန္တရာယ်များသည့် ဆက်ဖီရိုက်ခြင်းများကို ရဲဌာနက နှိပ်ကွပ်တားမြစ်လျက်ရှိစဉ် ယခုဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

မွမ်ဘိုင်းမြို့အတွင်း ဆက်ဖီရိုက်ရာမှ အန္တရာယ်ဖြစ်ပေါ်ကြုံရသည့် နေရာ ၁၆ နေရာအား ရဲဌာ နက သတ်မှတ်ထားပြီး မြို့ကောင်စီအနေဖြင့် သတိပေးဆိုင်းဘုတ်များနှင့် အစောင့်များချထားရန် တိုက်တွန်းထားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly