ဂျော့ဆိုးရော့စ်နှင့် ဟိမ်းဆာဘန်တို့ ကလင်တန်၏ မဲဆွယ်စည်းရုံးမှုအတွက် ဒေါ်လာ ၁၂ သန်းပေး

ဂျော့ဆိုးရော့စ်နှင့် ဟိမ်းဆာဘန်တို့ ကလင်တန်၏ မဲဆွယ်စည်းရုံးမှုအတွက် ဒေါ်လာ ၁၂ သန်းပေး

အမေရိကန်ဘီလျံနာ ဂျော့ဆိုးရော့စ်သည် လွန်ခဲ့သည့်လက အမေရိကန် ဒီမိုကရက်တစ်ပါတီ ပါတီမှ သမ္မတလောင်းနေရာအတွက် တစ်ပြေးနေသူ ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးမှု အတွက် ဒေါ်လာ ၆ သန်း လှူဒါန်းခဲ့သည်ဟု သတင်းတစ်ခုက ဆိုသည်။

ဆိုးရော့စ်သည် ၂၀၁၅ ခုနှစ်က ကလင်တန်ကိုယ်စား ဒေါ်လာ ၄၁ သန်း ကောက်ခံပေးခဲ့သော နိုင်ငံရေး စည်းရုံးမှုအတွက် အလှူငွေ ကောက်ခံသည့်အဖွဲ့ Priorities USA Action သို့ စုစုပေါင်း ဒေါ်လာ ၇ သန်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။ အလှူငွေကောက်ခံသည့် အဆိုပါအဖွဲ့ super-PAC သည် လွန်ခဲ့သည့် ခြောက်လအတွင်း ဒေါ်လာ ၂၅ ဒသမ ၃ သန်းကို ကောက်ခံနိုင်ခဲ့သည်။ ဆိုးရော့စ်၏ ထည့်ဝင်မှုက လေးပုံတစ်ပုံနီးပါး ရှိသည်။

အစ္စရေး-အမေရိကန် မီဒီယာသူဋ္ဌေးကြီး ဟိမ်းဆာဘန်နှင့် ၎င်း၏ဇနီး ချယ်ရီတို့က ကလင်တန် ၏ စူပါပီအေစီသို့ စုစုပေါင်းဒေါ်လာ ၅ သန်း ထည့်ဝင်ပြီး ဖြစ်သည်။ ကလင်တန်က ဆာဘန်ထံသို့ စာတစ်စောင်ရေးခဲ့ရာ ယင်းစာတွင် အစ္စရေးကို ရည်ရွယ်သော သပိတ်မှောက်မှု၊ အခွင့်အရေး ရုပ်သိမ်းမှုနှင့် ပိတ်ဆို့အရေးယူမှု(BDS)မှန်သမျှ လူသိရှင်ကြား ကန့်ကွက်ပြောကြားမည်ဟု ကတိပြု ထားသည်။

ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်မှုများအတွက် ငွေကြေးများစွာ တိုက်ရိုက်ပေးရန် ကန့်သတ်ခံထားရသော ချမ်းသာသော ပုဂ္ဂိုလ်များသည် စူပါပီအေစီဟုခေါ်သော နိုင်ငံရေး လှုပ်ရှား မှုကော်မတီများသို့ လှူဒါန်းကြသည်။ ၂၀၁၀ ပြည့်နှစ်က Citizen United အမှုဖြတ်စာတွင် အမေရိ ကန် တရားရုံးချုပ်သည် ရွေးကောက်ပွဲများတွင် ကော်ပိုရေးရှင်းများအား အကန့်အသတ်မရှိ လွတ်လပ်စွာ အသုံးပြုခွင့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly