ထိုင်းမြောက်ပိုင်း နှင့် အရှေ့ပိုင်းတွင် အအေးပိုမည်

ထိုင်းမြောက်ပိုင်း နှင့် အရှေ့ပိုင်းတွင် အအေးပိုမည်

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁ ။ ။ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင် ၃၇ ခုတွင် ဖေဖော်ဝါရီလ ၂ ရက်မှ ၇ ရက်အတွင်း မိုးသက်လေပြင်းများ တိုက်ခိုက်ပြီး အအေးပိုမည်ဖြစ်၍ ကြိုတင် ပြင်ဆင်ထားကြရန် ထိုင်းနိုင်ငံ သဘောဝဘေးအန္တရယ်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။

အပူချိန် ၂ မှ ၄ ဒီကရီ ဆဲလ်စီရက်အထိ ကျဆင်းသွားမည် ဖြစ်ပြီး အထူးသဖြင့် တောင်ပေါ်တွင် နေထိုင်သူများ ပိုမို သတိထားကြရန် ချင်းမိုင်စီးတီးလိုက်ဖ်(Chiang Maicity Life) သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် နှင်းများ ဗုံးလွမ်းနိုင်သဖြင့် ကားမောင်းသမားများလည်း သတိထားမောင်းနှင်ကြရန်နှင့် မိမိနေအိမ်ရှိ လယ်ယာ၊ တရိစ္တန်များအား ထိန်းသိမ်းကာကွယ်ကြရန် သတိပေးထားသည်။

လိုအပ်သည့် အဝတ်အစာများနှင့် စောင်များအတွက် စစ်တမ်းကောက်ယူရန် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ညွန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်သော ချင်းမိုင်၊ လမ်းပန်း၊ လမ်းဖုန်း၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ ဖယောင်၊ တပ်ခ်၊ စူကိုထိုင်း၊ ဖက်ကျဘွန်၊ နန်း၊ ဖရဲ စသည့် မြို့နယ်များ အပါအဝင် ၃၇ မြို့နယ်အား သတိပေးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly