အင်ဒိုနီးရှားတွင် ဇီကာပိုးတွေ့ရှိ

အင်ဒိုနီးရှားတွင် ဇီကာပိုးတွေ့ရှိ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁ ။             ။ အင်ဒိုနီးရှားနိုင်ငံအတွင်း ဇီကာရောဂါပိုးဖြစ်ပွားသူတစ်ဦးကို တွေ့ရှိကြောင်း အင်ဒိုနီးရှားသုတေသနအဖွဲ့တစ်ဖွဲ့က ပြောပြီး နိုင်ငံတွင်း ရောဂါပိုး ပျံ့နှံ့ဝင်ရောက်နေပြီဖြစ်သည်။

Eijkman Institute for Molecular Biology အဖွဲ့မှ ထုတ်ပြန်သည့် ယင်းသတင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးပေ။

ခြင်မှ ပေါက်ဖွားသည့် ယင်းရောဂါပိုးသည် အမေရိကားတွင် ပျံ့နှံ့ဖြစ်ပွားပြီး သတိပေးချက်များ ထုတ်ပြန်ထားသည်။ ယင်းရောဂါပိုးသည် မွေးစကလေးများတွင် ဦးနှောက်ပျက်စီးမှုဖြစ်စေပြီး ငှက်ဖျားရောဂါပိုး လက္ခဏာများနှင့်လည်း ဆင်တူသည်။

ဆူမတြားကျွန်း ဂျမ်ဘီပြည်နယ်တွင် နေထိုင်သူ နိုင်ငံရပ်ခြားသို့ လုံးဝထွက်ခွာဖူးခြင်း မရှိသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

ပြည်နယ်အတွင်း ငှက်ဖျားပိုးဖြစ်ပွားမှုကို သုတေသနတိုင်းတာရာမှ ယခုကဲ့သို့ ဇီကာပိုးဖြစ်ပွားသူကို တွေ့ရှိခြင်းလည်းဖြစ်သည်။

"ငှက်ဖျားပိုးစမ်းသပ်ရာတွင် မရှိကြောင်းတွေ့ရှိပြီး ဆက်လက်စစ်ဆေးရာမှ ဇီကာပိုးဖြစ်ကြောင်း သိရှိခြင်းဖြစ်ပါတယ်။"ဟု အဖွဲ့၏ လက်ထောက်ညွန်ကြားရေးမှူးချုပ်ဖြစ်သူ Herawati Sudoyo က အေအက်ဖ်ပီသို့ ပြောသည်။

ဇီကာပိုးသည် ငှက်ဖျားပိုးသယ်ဆောင်သည့် အေဒီးစ်ခြင်မျိုးကပင် သယ်ဆောင်ပျံ့နှံ့ခြင်းဖြစ်သည်။ ယင်းပိုးဝင်ရောက်ပါက ကိုယ်အပူချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်နာကျင်ခြင်း ဝေဒနာများကို ခံစားရစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly