ဥရောပသို့ ရောက်ပြီးနောက် ပျောက်ဆုံးသည့် ရွှေ့ပြောင်းကလေးငယ်ပေါင်း တစ်သောင်းကျော်ရှိ

ဥရောပသို့ ရောက်ပြီးနောက် ပျောက်ဆုံးသည့် ရွှေ့ပြောင်းကလေးငယ်ပေါင်း တစ်သောင်းကျော်ရှိ

အီးယူ၊ ဖေဖော်ဝါရီ ၁ ။               ။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဥရောပသို့ရောက်ရှိပြီးနောက် ပျောက်ဆုံးဖွယ်ရှိသည့် ရွှေ့ပြောင်းကလေးငယ်ပေါင်း တစ်သောင်းကျော်ရှိကြောင်း အီးယူရဲထောက်လှမ်းရေး ယူနစ်က ပြောသည်။

နိုင်ငံများတွင် အသိအမှတ်ပြုမှတ်ပုံတင်ပြီးနောက် ပျောက်ဆုံးသွားသည့် အရွယ်မရောက်သေးသော ကလေးငယ်ပေါင်းက ထောင်ပေါင်းများစွာရှိနေကြောင်း အီးယူရဲက ပြောသည်။

ကလေးငယ်များနှင့် ငယ်ရွယ်သူများကို ရာဇဝတ်ဂိုဏ်းများက လိင်ဆိုင်ရာစေခိုင်းရန်နှင့် ကျွန်လုပ်ခိုင်းစေခြင်းများအတွက် အသုံးချနိုင်သည်ဟု သတိပေးထားသည်။

ပြီးခဲ့သည့်နှစ်က မိသားစုမပါဘဲ ဥရောပသို့ ရောက်လာကြသည့် ရွှေ့ပြောင်းကလေးငယ်ပေါင်းမှာ ၂၆၀၀၀ ဝန်းကျင်ရှိကြောင်း Save the Children အဖွဲ့က ပြောသည်။

ယခု ဥရောပအနှံ့ ပျောက်ဆုံးကလေးငယ်အရေအတွက် ထုတ်ပြန်ခြင်းသည် အီးယူရဲအဖွဲ့အနေဖြင့် ပထမဆုံးထုတ်ပြန်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly