တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိသည့် ကျပ် သန်းနှစ်သိန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး

တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိသည့် ကျပ် သန်းနှစ်သိန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး
၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး အထိန်းအမှတ်အဖြစ် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအ ခန်းအနားအား ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၉ လုံခြံုရေးရဲတပ်ဖွဲ့ခွဲ့ တွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ကျင်းပသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္စျိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန် စတုတ္ထပတ်ထိ တစ်နှစ်တာ အတွင်း တစ်နိုင်ငံ လုံးတွင် ဖမ်းဆီးမိခဲ့သော ကျပ်သန်း နှစ်သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။  

အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင်  အထိမ်းအမှတ်ပွဲကို ဇွန် ၂၆က လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကွင်းတွင် ပြုလုပ်ကျင်းပခဲ့ရာ ယင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးအားဖြင့် ကျပ်သန်း ၂၇၇၆၈၂. ၈၃၄ ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မြို့ကြီး အချို့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရဲမှူးကြီးဝင်းနိုင်က "တစ်နှစ်တာလုံး တွင်မှုယစ်ဆေးဝါး ဖမ်းဆီးရရှိသည့် မှုယစ်ဆေးဝါးတွေ ဖျက်ဆီးတဲ့ အခမ်းအနားသုံးခု ကျင်းပတဲ့အနက်မှာ အောက်မြန်မာပြည်က ဖမ်းဆီးရတဲ့မူးယစ်ဆေးဝါးတွေကို ရန်ကုန်မှာ ကျင်းပတဲ့ပွဲမှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်တယ်" ဟု ပြောသည်။

ယင်းအပြင် ဇွန်လ ၂၆ ရက်တွင်  မန္တလေးနှင့် တောင်ကြီးမြို့များတွင်လည်း မီးရှို့ ဖျက်ဆီးခဲ့ရာ မန္တလေးမြို့တွင် ကျပ်သန်း ၇၀၀၀ ကျော်ဖိုး၊ တောင်ကြီးမြို့တွင် ကျပ်သန်း ကိုးသောင်းကျော်ဖိုး ဖျက်ဆီးခဲ့သည်။

အောက်မြန်မာပြည် အနေဖြင့်မူ  ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊ တနသာၤရီ၊ မွန်၊ရခိုင်နှင့် ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများကို ဖျက်ဆီးခြင်း ဖြစ်သည်။

ရန်ကုန်တွင် ဖျက်ဆီးရာ၌ ဘိန်းစိမ်း၊ ဘိန်းဖြူ၊ ဘိန်းဖြူရည်၊ ဘိန်းဆီခဲ၊ ကဖိန်း၊ အက်တက်ဆီဆေးပြား၊ ကက်တမင်း၊ ကက်တက်မင်းအရည်၊ ဆေးခြောက်၊ ဆေးခြောက်အရည်၊ စိတ်ကြွဆေးပြား၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အပါအဝင် ၂၉ မျိုးကို ဖျက်ဆီးခဲ့ပြီး ကျပ်သန်းပေါင်း တစ်သိန်း ခုနစ်သောင်းကျော် ရှိသည်ဟု ရန်ကုန် မူးယစ်တပ်ဖွဲ့စု (၄၂) မှ တပ်ဖွဲ့မှူး  ရဲမှူး ခင်မောင်သိန်းက ပြောသည်။

မူးယစ်ဆေးဝါ တားဆီးကာကွယ်ရေးနှင့် နှိမ်နှင်းရေးအတွက် လူထုလှုပ်ရှားမှု ယင်းမာ အထူးစီမံကိန်းကို ၂၀၁၅ နှစ် မေလ ၂၅ ရက်မှ ဇွန် ၂၆ ရက်နေ့ထိ မြို့နယ်ပေါင်း ၁၈၀ တွင် စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly