ထိုင်းတွင် ဖေ့ဘုတ်နှင့် Line အား ဆင်ဆာကြပ်မတ်ရန် လုပ်ဆောင်

ထိုင်းတွင် ဖေ့ဘုတ်နှင့် Line အား ဆင်ဆာကြပ်မတ်ရန် လုပ်ဆောင်

ဘန်ကောက်၊ ဇန်နဝါရီ ၃၁။           ။ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့် ပို့စ်စာသားများကို ထောက်လှမ်းစောင့်ကြည့်ကာ ဖယ်ရှားသွားရေးအတွက် အမျိုးသားပြုပြင်ပြောင်းလဲရေးရုံးက   ဖေ့ဘုတ်နှင့် Line လူမှုမီဒီယာများ၏ အမှုဆောင်အရာရှိများအား အစည်းအဝေးခေါ်ယူထားသည်။

ဇန်နဝါရီ ၂၂ ရက်က ဂူဂဲလ်အမှုဆောင်အရာရှိများနှင့်အတူ အစည်းအဝေးတစ်ရပ်ကျင်းပကာ တရားရုံးအမိန့်မပါလည်း ခြိမ်းခြောက်သည့် ပို့စ်စာသားများအား ဖယ်ရှားသွားရေး ဆွေးနွေးခဲ့ပြီးနောက် ယခုအစည်းအဝေးကို မီဒီယာပြုပြင်ပြောင်းလဲရေးကော်မတီက ခေါ်ယူထားခြင်းဖြစ်သည်။

လာမည်လတွင် ဖေ့ဘုတ်နှင့် လိုင်းအမှုဆောင်များနှင့် ကော်မတီက အစည်းအဝေးကျင်းပသွားမည်ဖြစ်သည်။ ဂူဂဲလ်အမှုဆောင်များနှင့် အစည်းအဝေးက မှတ်တမ်းများ ပြင်ပသို့ ပေါက်ကြားခဲ့လင့်ကစား ယခုအစည်းအဝေးကို ဆင့်ခေါ်ထားခြင်းဖြစ်သည်။

ဂူဂဲလ်အမှုဆောင်များနှင့် အစည်းအဝေးတွင် ပေါက်ကြားသွားသည့် မှတ်တမ်းများက လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းအရ ကော်မတီက ဂူဂဲအမှုဆောင်များသို့ တရားမဝင်သည့် ပို့စ်စာမျက်နှာများနှင့် ထိုင်းဘုရင်စနစ်ကို ဖျက်လိုဖျက်ဆီးလုပ်သောသတင်းအချက်အလက်များကို လျင်လျင်မြန်မြန်ဖယ်ရှားပစ်ဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယခင်က ဥပဒေချိုးဖောက်သည့် ဝက်ဘ်ဆိုက်တစ်ခုကို ပိတ်ပစ်ရန်အတွက် တရားရုံး၏ အမိန့်လိုအပ်သည်။ သို့သော် ယခုပေါက်ကြားသည့်မှတ်တမ်းအရ တစ်ချို့ကိစ္စများကို အလျင်အမြန်ဆောင်ရွက် အရေးယူရန်လိုအပ်ပြီး အာဏာပိုင်များအနေဖြင့် တရားရုံးအမိန့်ကို မစောင့်နိုင်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ကော်မတီဖက်က ယင်းကဲ့သို့ တိုက်တွန်းမှုကို ဂူဂဲလ်က ငြင်းဆန်လိုက်ကြောင်း သိရသည်။ ဂူဂဲလ်၏ ကမ္ဘာ့အနှံ့ကျင့်သုံးနေသော ပေါ်လစီအရ တရားရုံးတစ်ရုံးရုံး၏ အမိန့်ရရှိမှသာလျှင် ဂူဂဲလ်အနေဖြင့် ဝက်ဘ်ဆိုက်တစ်ခုအား ဖယ်ရှားပိတ်သိမ်းနိုင်မည့် ပေါ်လစီအပေါ် ရပ်တည်လျက် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly