အဲလ်ဗစ်ပရက်စ်လေ၏ စံချိန်နှင့် ထပ်တူညီခဲ့တဲ့ ဒေးဗစ်ဘိုဝီ

အဲလ်ဗစ်ပရက်စ်လေ၏ စံချိန်နှင့် ထပ်တူညီခဲ့တဲ့ ဒေးဗစ်ဘိုဝီ

နယူးယော့ခ်၊ ဇန်နဝါရီ ၃၀။            ။ နာမည်ကျော် အဆိုတော် ဒေးဗစ်ဘိုဝီသည်  ဇန်နဝါရီ ၁၀ ရက်က ကွယ်လွန်ခဲ့ပြီးနောက် ဗြိတိန်တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ဆက်လက် ကြီးစိုးနေခဲ့ပြီး  အဆိုတော် အဲလ်ဗစ်ပ ရက်စ်လေ၏ တေးဂီတဇယား စံချိန်နှင့် တူညီခဲ့သည်။

ဘိုဝီသည် ၎င်း၏ နောက်ဆုံး တေးသီချင်းအယ်လ်ဘမ် “Blackstar”  ဖြင့် ယခုသီတင်းပတ်က တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေဆဲဖြစ်ပြီး ထိပ်တန်း ၄၀ စာရင်းတွင် ၎င်း၏ တေးသီချင်း အယ်လ်ဘမ် ၁၁ ခုကျော် ပါဝင်နေသည်။

“Blackstar” တေးအယ်လ်ဘမ်သည် ထိပ်ဆုံးနေရာတွင် သီတင်းပတ် သုံးပတ်ကြာ ရှိနေခဲ့ပြီး ၎င်း၏ တေးသီချင်း အယ်လ်ဘမ်များဖြစ်သော “Best of Bowie” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် သုံးနေရာတွင် ရှိနေကာ နံပါတ်ငါးနေရာတွင် “Nothing Has Changed” တေးသီချင်းအယ်လ် ရှိနေပြီး နံပါတ်ကိုးနေရာတွင်  “Hunky Dory” တေးအယ်လ်ဘမ်က ရပ်တည်နေသည်။ ဘိုဝီ၏ တေးသီချင်းအယ်လ်ဘမ် “The Rise and Fall of Ziggy Stardust and the Spiders from Mars” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်။

၂၀၀၉ ခုနှစ်က ကွယ်လွန်ခဲ့သည့် မိုက်ကယ်ဂျက်ဆင်ပြီးနောက် ထိပ်တန်း ၁၀ နေရာတွင် တေးသီချင်းအယ်လ်ဘမ် ငါးခု နေရာယူထားသည့် ပထမဆုံး အနုပညာရှင်ဖြစ်သည်။ ထို့အပြင် ထပ်တန်း ၄၀ နေရာတွင်လည်း ဘိုဝီက ခုနစ်နေရာကျော် ပါဝင်ခဲ့ပြီး ယခုအခါ  ဘိုဝီသည် ၁၉၉၇ ခုနှစ်က ကွယ်လွန်ခဲ့သော အဆိုတော် အဲလ်ဗစ်၏ တေးဂီတဇယား စံချိန်နှင့် တူညီခဲ့သည်။

ယခုသီတင်းပတ် တေးသီချင်းအယ်လ်ဘမ် ဇယားတွင် အဒဲလ်သည် “25” တေးသီချင်း အယ်လ်ဘမ်ဖြင့် နံပါတ်နှစ်နေရာတွင် ရပ်တည်နေခဲ့ပြီး ဂျက်စတင်ဘီဘာ၏ “Purpose” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၄ နေရာသို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly