တောင်ကိုရီးယားတွင် မားစ်ကြောင့်နှစ်ဦးထပ်မံ သေဆုံး

တောင်ကိုရီးယားတွင် မားစ်ကြောင့်နှစ်ဦးထပ်မံ သေဆုံး

အေအက်ဖ်ပီ (ဆိုးလ်)။ ။ တောင်ကိုရီးယားတွင် မားစ် ကူးစက်ရောဂါကြောင့် နှစ်ဦးထပ်သေခဲ့ပြီး နောက်ထပ် တစ်ဦး ကူးစက်ခံထားရကြောင်း တောင်ကိုရီးယားက ဇွန် ၂၆ တွင် ထုတ်ပြန်ခဲ့သည်။

 တောင်ကိုရီးယားတွင် ယခုအခါ မားစ်ကြောင့် သေဆုံးသူဦးရေမှာ ၃၁ ဦးအထိရှိသွားပြီ ဖြစ်သည်။

တောင်ကိုရီးယားသည် ဆော်ဒီအာရေဘီးယား ပြင်ပတွင် မားစ်ရောဂါဖြစ်ပွားမှု အကြီးမားဆုံးဖြစ်နေသော
နိုင်ငံဖြစ်သည်။ ကူးစက်ခံရသူစုစုပေါင်း ၁၈၁ ဦးအနက် ၈၁ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ပြီး ၆၉ ဦးမှာမူ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ကုသမှုခံယူနေရသူများအနက် ၁၃ ဦးမှာ စိုးရိမ်နေရသည်ဟု သိရသည်။

ဇွန် ၂၆ က သေဆုံးခဲ့သူ နှစ်ဦးစလုံးမှာ အသက် ၇၉ နှစ်နှင့် ၈၀ နှစ်အရွယ် အမျိုးသမီးကြီး နှစ်ဦးဖြစ်ပြီး ရောဂါအခံရှိနေသူများလည်း ဖြစ်သည်။ အသစ်ကူးစက်ခံရသူမှာ ကူးစက်မှုအားလုံး ထက်ဝက်နီးပါးရှိသည့် ဆိုးလ်မြို့ရှိ ဆမ်ဆောင်ဆေးရုံမှဖြစ်ကြောင်း သိရသည်။

မားစ် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် သီးသန့်ထားပြီး စောင့်ကြည့်နေရသည့် လူအရေအတွက်မှာ ၂,၉၃၁ ဦးအထိ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly