ထိုင်းတွင် ဖေ့စ်ဘွတ်အသုံးပြုသူ ၉၁ ရာခိုင်နှုန်းက စစ်အစိုးရ အုပ်ချုပ်နေမှုအပေါ် မနှစ်သက်

ထိုင်းတွင် ဖေ့စ်ဘွတ်အသုံးပြုသူ ၉၁ ရာခိုင်နှုန်းက စစ်အစိုးရ အုပ်ချုပ်နေမှုအပေါ် မနှစ်သက်

အွန်လိုင်းစစ်တမ်းကောက်ယူမှုတစ်ခုအရ ထိုင်းနိုင်ငံတွင် ဖေ့စ်ဘွတ်အသုံးပြုသူ ၉၁ ရာခိုင်နှုန်းက လက်ရှိအာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်နေမှုအပေါ် မနှစ်သက်ကြောင်း ဖြေကြားထားသည်။

"အမျိုးသားငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ပျော်မွေ့သလား" ဆိုသည့် မေးခွန်းအား ဖေ့ဘွတ်အသုံးပြုသူ ၅၇၈၇အား ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ   ဖေ့ဘွတ်စာမျက်နှာမှပေါ်မှ မေးမြန်းခဲ့ရာတွင် ၉၁ ရာခိုင်နှုန်းက မပျော်ရွှင်သော မျက်နှာသင်္ကေတဖြင့် ပြန်လည်ဖြေကြားခဲ့ပြီး ၉ ရာခိုင်နှုန်းက ပြုံးနေသည့်မျက်နှာသင်္ကေတဖြင့်   ဖြေကြားခဲ့ကြသည်။
မပျော်ရွှင်ဖြစ်ရသည့်အကြောင်းများတွင် စီးပွားရေးကျဆင်းမှု၊ နေထိုင်စားသောက်စရိတ် မြင့်တက်လာမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းချုပ်လာမှု၊ ပွင့်လင်းမြင်သာမှုနှင့် အစိုးရတာဝန်ယူမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

"အစိုးရမှာ ကောင်းတာရော၊ ဆိုးတာရော ရှိပါတယ်။ အားလုံးက ဝန်ကြီးချုပ်ရဲ့ အမှားတွေချည်းပဲ မဟုနိုင်ဘူးတ်ပါဘူး။ စစ်သားတွေနဲ့ ရဲတွေက ပုဒ်မ ၄၄ ကို အကာအကွယ်ယူပြီး အာဏာကို အလွဲသုံးစား လုပ်လာတယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့ကိုယ်တိုင်တော့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ မီဒီယာအပေါ် ထိန်းချုပ်မှုက ပြည်သူတွေကို ခိုင်လုံမှုမရှိတဲ့ သတင်းတွေရဖို့ တွန်းပို့သလို ဖြစ်ပြီး မမှန်သတင်းတွေ ပျံ့နှံ့မှုကို ဖြစ်စေတော့တာပါပဲ"ဟု ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

အခြားတစ်ဦးကလည်း "ကောင်းတာဆိုလု့ိ ရမ်းကားတဲ့သူတွေ နည်းသွားတာပါပဲ။ အကျင့်ပျက်ခြစားမှု၊ ခရိုနီတွေကို အားပေးမှုစတာတွေကတော့ အရင်ကလိုပါပဲ။ ဟိုဘက်သည်ဘက် ပြောင်းသွားတာပဲ ရှိတယ်" ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly