မဇ္စျိမရဲ့ အလှဆုံးပွဲ(မန်ယူ-စတုခ်စီးတီး)

30 January 2016
မဇ္စျိမရဲ့ အလှဆုံးပွဲ(မန်ယူ-စတုခ်စီးတီး)

ဒီတစ်ပတ်ရဲ့ မဇ္ဈိမရဲ့ အလှဆုံးပွဲကဏ္ဍမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူ-စတုခ်စီးတီးပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါ တယ်။

မန်ယူ-စတုခ်စီးတီး

(၃-၂-၂-၁၆ ဗုဒ္ဓဟူးနံနက် ၂း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

၂၆-၁၂-၁၅ (ပရီးမီးယားလိဂ်)           စတုခ်စီးတီး ၂-၀ မန်ယူ

၁-၁-၁၅ (ပရီးမီးယားလိဂ်)               စတုခ်စီးတီး ၁-၁ မန်ယူ

၃-၁၂-၁၄ (ပရီးမီးယားလိဂ်)             မန်ယူ ၂-၁ စတုခ်စီးတီး

မန်ယူ

လက်ရှိအနေအထားကတော့ မန်ယူက ၃၇ မှတ်နဲ့အဆင့် ၅ နေရာရောက်နေတယ်။ ထိပ်ဆုံးကလက်စတာနဲ့ ၁၀ မှတ်ကွာနေတယ်။ နံပါတ် ၄ နေရာက စပါးနဲ့ငါးမှတ်တောင်ကွာနေတယ်။ ဒီအနေအထားမှာ ဝေဖန်မှုတွေလည်းများနေတယ်။ အထူးသဖြင့်နည်းပြဗန်ဟားလ်ကလည်း နေ့လားညလားဖြစ်နေတယ်။ ရာထူးကနေထုတ်ပေးဖို့ မန်ယူပရိသတ်တွေကလည်း ဆန္ဒပြနေတယ်။ တောင်းဆိုနေတယ်။ လက်ရှိဗန်ဟားလ် ပုံဖော်ထားတဲ့မန်ယူအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအဓိကထားတဲ့အသင်းပေါ့။ သို့သော်သူတို့အနေအထားက ခံစစ်ပိုင်းလည်းကောင်း တယ်။ ကွင်းလယ်မှာလည်း ဘောလုံးပိုင်ဆိုင်ထားနိုင်ပေမယ့် ဖန်တီးမှုအားက တော်တော်လေးကိုလျော့ကျနေတယ်။ ဒါကြောင့်ဂိုးသွင်းအား ကလည်း တော်တော်လေးဆိုးဆိုးရွားရွားကို ကျဆင်းသွားတာပေါ့။ လက်ရှိမှာ ၂၈ ဂိုးပဲသွင်းထားတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ပွဲအပြီးမှာ ပေါ့။ သူတို့ရဲ့ဂိုးသွင်းနှုန်းက အသင်းကြီးစာရင်းမှာ မပါဝင်နိုင်တဲ့အဆင့်ပေါ့။ လုံးဝတိုက်စစ်အားမကောင်းတဲ့အဆင့်ဖြစ်နေတယ်။ အလယ်အလတ်အဆင့်လောက်ဖြစ်နေတယ်။ ဆောက်သမ်တန်တို့ အဲဗာတန်တို့ကလို အလယ်အလတ်အဆင့်အသင်းတွေတောင် သူ့ထက် သွင်းဂိုးများနေတယ်။

စတုခ်စီးတီး

စတုခ်စီးတီးကတော့ အဆင့် ၉ နေရာကိုရောက်နေတယ်။ ရမှတ် ၃၃ မှတ်ရထားတယ်။ သူတို့အတွက်အသင့်တော်ဆုံးအနေထားလို့တောင် ပြောလို့ရတယ်။ လက်ရှိမှာလည်း မန်ယူနဲ့ယှဉ်ပြိုင်ဖို့သူတို့မှာ ဖိအားလုံးဝမရှိဘူး။ တန်းဆင်းဇုန်နားလည်းမရှိသလို အထက်ပိုင်းမှာလည်း မရှိဘူး။ အဲဒီတော့သူတို့အနေအထားက ရှုံးရှုံး၊နိုင်နိုင် သိပ်ပြီးတော့ အရေးကြီးတဲ့အနေအထားတော့ မတွေ့ရဘူး။ လက်ရှိအနေအထားမှာ အဝေးကွင်းမှာ လေးပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံးထားတယ်။ အဝေးကွင်းခြေစွမ်းသင့်တဲ့အသင်းတစ်သင်းအနေအထားမျိုးပဲ။ နောက်တစ်ချက်ကရှုံးထားတဲ့လေးပွဲမှာ နှစ်ဂိုးပြတ်ရှုံးတာက သုံးပွဲထိရှိတယ်။ ဒီအချက်ကတော့ သတိထားစရာအချက်ပေါ့။ ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံးငါးပွဲမှာလည်း တစ်ပွဲပဲနိုင်ထားတယ်။ အဲဗာတန်ကို ၃-၄ နဲ့နိုင်ထားတာ။ ဒါကြောင့်လက်ရှိအနေအထားမှာ စတုခ်က အဝေးကွင်းပုံစံကောင်းမရဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကတော့ အကုန်လုံးဂိုးတွေရတယ်။ လက်ရှိမှာသွင်းဂိုးကလည်း မန်ယူ နီးပါးလောက်လိုက်နေတယ်။ ပြီးတော့ သွင်းဂိုး ၂၄ ဂိုးကို အကုန်လုံးက တိုက်စစ်ကစားသမားတွေကပဲသွင်းယူထားတော့ ထူးခြားမှုပဲ။ ဒါကြောင့်တိုက်စစ်အားကောင်းတယ်လို့တော့ ပြောလို့ရတယ်။ လျှော့တွက်လို့တော့ မရဘူး။

သုံးသပ်ချက်

ပထမအကျော့ကတော့ စတုခ်က အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ မန်ယူအသင်းရဲ့အသည်းကိုခွဲခဲ့တယ်။ ပြီးခဲ့တဲ့ရာသီစတုခ်ကွင်းမှာ တစ်ဂိုးစီသရေကျ တယ်။ မန်ယူကွင်းမှာတော့ မန်ယူက ၂-၁ နဲ့အနိုင်ရတယ်။ နောက်ထပ်ထူးခြားတဲ့တစ်ချက်ပြောချင်တာက မန်ယူကွင်းမှာနောက်ဆုံး ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်ယူကပဲစတုခ်ကိုပွဲတိုင်းအနိုင်ရထားတယ်။ စံချိန်ကောင်းတစ်ခုပေါ့။ အိမ်ကွင်းမှာ ငယ်နိုင်လိုမျိုးုဖြစ်နေတာ။ အဲဒီတစ်ချက် တော့ ထူးထူးခြားခြားတွေ့ရတယ်။ လက်ရှိအနေအထားကတော့ မန်ယူက ဖိအားတွေအောင်ရနေတယ်။ ဗန်ဟားလ်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဒီပွဲကတော့ မန်ယူတို့အနိုင်ကန်ဖို့လိုနေတာပေါ့။ ချန်ပီယံဆုကိုလက်လွှတ်လိုက်ရပြီလို့ပြောလို့မရသေးဘူး။ ဘာလို့ဆို ၁၀ မှတ်ထဲကွာသေးတာကိုး။ ပွဲတွေကလည်းအများကြီးကျန်သေးတယ်။ မန်ယူအနေနဲ့ကြိုးစားပိုင်ခွင့်ရှိလို့ အမှားခံလို့မရဘူး။ ဒဏ်ရာရကစားသမားတွေများနေပေမယ့် တိုက်စစ်ပိုင်းက ၁၁ ဂိုးသွင်းထားတဲ့ ရွန်နီနဲ့မာရှယ်၊ ကွင်းလယ်ကလေးဂိုးသွင်းထားတဲ့ မာတာ၊ ဒီကစားသမားတွေကတော့ပါဝင်လာဦးမှာ။ အဲဒီတော့တိုက်စစ်ပိုင်းကထက်မြက်နေဦးမယ့်သဘောမျိုးဖြစ်နေတယ်။ စတုခ်ကတော့ ဖိအားတော့မရှိဘူး။ အဝေးကွင်းပုံစံလည်းမကောင်းဘူးဖြစ်နေတယ်။ ဒါကြောင့်ဒီပွဲမှာ မန်ယူကိုဘာအကြောင်းနဲ့မှ ငြင်းပယ်စရာမရှိဘူး။ မန်ယူကိုပဲရွေးချယ်ချင်တယ်။ ဂိုးရလဒ်ကတော့ ခံစစ်လည်းကောင်းတဲ့အတွက် မန်ယူအိမ်ကွင်းမှာ ၂-၀ နဲ့အနိုင်ရမယ်လို့ ခန့်မှန်းချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု မန်ယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly