မြောက်ကိုရီးယားဒုံးကျည်ကို ဖျက်စီးပစ်ရန် ဂျပန်က စစ်တပ်ကို အမိန့်ထုတ်ထား

မြောက်ကိုရီးယားဒုံးကျည်ကို ဖျက်စီးပစ်ရန် ဂျပန်က စစ်တပ်ကို အမိန့်ထုတ်ထား

တိုကျို၊ ဇန်နဝါရီ-၂၉ ။             ။ ပြုံယမ်းက မကြာမီပစ်လွှတ်တော့မည်ဟု သတင်းများထွက်ပေါ်နေရာ နိုင်ငံကို ခြိမ်းခြောက်လာနိုင်သည့် မြောက်ကိုရီးယားမှ ပစ်လွှတ်သော မည်သည့် ဒုံးကျည်ကိုမဆို ဖျက်စီးပစ်ရမည်ဟု ဂျပန်က ၎င်း၏ စစ်တပ်ကို အမိန့်ပေးတပ်လှန့်ထားသည်။

ပြုံယမ်း၏ ပင်မဂြိုဟ်တုလွှတ်တင်ရုံမှ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများအကြောင်း သတင်းများ ထွက်ပေါ်လာအပြီးတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

‘မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ကွင်းက တိုးတိုးလာနေတဲ့ လှုပ်ရှားမှုတွေကြောင့် လာမယ့် ရက်သတ္တ တစ်ပတ်နှစ်ပတ်အတွင်းမှာ ပစ်လွှတ်ဖွယ်ရာ ရှိတယ်’ဟု ရိုက်တာ သတင်းဌာနက ပြောကြားခဲ့သည်။

ဂျပန်ပင်လယ်အတွင်းမှ ဖျက်သင်္ဘောများကို ဂျပန်သို့ ဦးတည်လာသည့် မြောက်ကိုရီးယားမှ ပစ်လွှတ်သည့်အရာမှန်သမျှကို ပစ်မှတ်ထားရန် အသင့်ပြင်ထားဖို့ နာကာတာနီက အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

ယခုလအစောပိုင်းက ဟိုက်ဒရိုဂျင်ဗုံးဟု ပြောသည့် မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကြောင့် တင်းမာမှုများ မြင့်တက်လာနေလျှက် ရှိသည်။

‘နျူကလီးယားစမ်းသပ်မှုအပြီး ကပ်ပါလာတဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားဟာ ဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူးတွေ တပ်ဖို့ စီစဉ်နေသလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်’ဟု ရိုက်တာက ပြောကြားခဲ့သည်။  

 ‘မြောက်ကိုရီးယားက နောက်ထပ် ရစလာနိုင်တဲ့ဖြစ်နိုင်ခြေကို ကျနော်တို့ မငြင်းနိုင်ပါဘူး’ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြုံယမ်းက နောက်ဆုံးအနေဖြင့် တာဝေးပစ်ဒုံးပျံကို ၂၀၁၂ခုနှစ်က ပစ်လွှတ်ခဲ့ပြီး ထိုစဉ်က ဂြိုဟ်တုကို ပတ်လမ်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly