ယူနိုက်တက်လေကြောင်းလိုင်းက ဆန်ဖရန်စစ္စကိုနှင့် စင်ကာပူကြား မရပ်မနားပျံသန်းတော့မည်

ယူနိုက်တက်လေကြောင်းလိုင်းက ဆန်ဖရန်စစ္စကိုနှင့် စင်ကာပူကြား မရပ်မနားပျံသန်းတော့မည်

စင်ကာပူ၊ ဇန်နဝါရီ ၂၉ ။              ။ အမေရိကန်၏ ယူနိုက်တက်လေကြောင်းလိုင်းက ဆန်ဖရန်စစ္စကိုနှင့် စင်ကာပူကြား နေ့စဉ်မရပ်မနားလေယာဉ်ခရီးစဉ်များကို ဇွန် ၁မှစ၍ ဝန်ဆောင်မှု   ပေးတော့မည်ဟု  ယင်းလေကြောင်းလိုင်းက ဇန်နဝါရီ ၂၉တွင် ကြေညာသည်။ ယင်းခရီးစဉ်လမ်းကြောင်းအတွက် Boeing 787-9 Dreamliner လေယာဉ်ကို အသုံးပြုမည်ဖြစ်ကြောင်း   လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

စင်ကာပူလေကြောင်းလိုင်းကလည်း လော့စ်အိန်ဂျလိစ်နှင့် နယူးယောက်မြို့များသို့ ၂၀၁၈မှစ၍ မရပ်မနားခရီးစဉ်များ စတင်မည်ဟု သိရသည်။ စင်ကာပူနှင့် ဆန်ဖရန်စစ္စကိုကြား လေယာဉ်ခရီးမိုင်မှာ ၈,၄၄၆မိုင်ရှိသည်။

ယင်းခရီးစဉ်မှ ခရီးသည်များကို ထူးခြားသည့်အခွင့်အရေးများပေးမည်ဖြစ်ကြောင်းလည်း ယူနိုက်တက်၏ အတ္တလန္တိတ်နှင့် ပစိဖိတ်အရောင်းဋ္ဌာနမှ ဒုတိယဥက္ကဋ္ဌ မစ္စတာမာစယ်ဖတ်က ပြောသည်။

ဆန်ဖရန်စစ္စကို-စင်ကာပူဝန်ဆောင်မှုစတင်ခြင်းနှင့်အတူ ယူနိုက်တက်သည် စင်ကာပူနှင့် တိုကျိုကြား ၎င်း၏ဝန်ဆောင်မှုကို ဇွန် ၂မှ၍ အဆုံးသတ်မည်ဖြစ်သည်။ ဆန်ဖရန်စစ္စကို ခရီးစဉ်သစ်တွင် အထူးတန်းထိုင်ခုံ ၄၈ခုံ၊premium economy ထိုင်ခုံ ၈၈ခုံအပါအဝင် ရိုးရိုးထိုင်ခုံ ၂၀၄ခုံပါဝင်မည်ဖြစ်သည်။ မရပ်မနားပျံသန်းသည့် ခရီးစဉ်ကြောင့် ခရီးသွားချိန် လေးနာရီသက်သာမည်ဟု သိရသည်။

စင်ကာပူနှင့် အမေရိကန်ကြား လေကြောင်းခရီးသွားလာမှုမှာ အားကောင်းစွာကြီးထွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly